ရုံးချုပ်အပေါ် ဆန္ဒပြပွဲ NLD ပြိုကွဲ အားနည်းအောင် ကြိုးပမ်းခြင်းလို့ ဦးဥာဏ်ဝင်းပြောဆို

မြို့နယ်တချို့မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ NLD အဖွဲ့ဝင်တွေရဲ့ ပါတီရုံးချုပ်အပေါ် ဆန္ဒဖော်ထုတ်ပွဲတွေဟာ အင်န်အယ်လ်ဒီပါတီကို ပြိုကွဲအောင် အားနည်းအောင် ကြိုးပမ်းနေကြတာသာ ဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-09-05
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
u-nyan-win-090512-b305
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း
RFA

ဧရာဝတီတိုင်း မြောင်းမြမြို့၊ ရန်ကုန်တိုင်း တွံတေးမြို့တွေမှာ များမကြာခင်က ဒေသခံ NLD ပါတီဝင်တွေ စုရုံးပြီး ပါတီရုံးချုပ်ရဲ့ ညီလာခံ ကျင်းပရေး ကော်မရှင်အဖွဲ့ဝင် ရွေးချယ်မှု မူဝါဒကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး နောက်ထပ်လည်း မကွေးတိုင်းအတွင်း ဆန္ဒပြဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်လို့ RFA ရဲ့ မေးမြန်းချက်ကို ဦးဥာဏ်ဝင်းက အခုလို တုံ့ပြန် ပြောကြားလိုက်တာပါ။

“ဒါကတော့ NLD ကို မလိုလားတဲ့သူတွေက လုပ်တာပဲ။ ဆန္ဒပြတာ ဘယ်လိုပုံစံမျိုးနဲ့ ပြပြ ကိုယ့်အထဲမှာ ညှိနှိုင်းရမှာကို မညှိနှိုင်းပဲ လုပ်တဲ့အတွက် ဒါဟာ NLD ကို အားနည်းအောင်လုပ်တယ်လို့ ကျွန်တော် ယူဆတယ်။ ကျွန်တော်တို့က ကြိုပြီးတော့လည်း မသိဘူး။ ကြိုသိရင်လည်း အကျိုးအကြောင်း ပြည့်စုံမသိဘူး။ မသိပဲနဲ့ ကျွန်တော်တို့ တားတာ ပြုတာ မလုပ်ဘူး”

NLD ပါတီဟာ မြောင်းမြမြို့နယ် ဆန္ဒထုတ်ဖော်ပွဲမှာ ဦးဆောင်ခဲ့သူ နှစ်ဦးကို ပါတီဗဟိုညီလာခံ ကျင်းပချိန်အထိ ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းထားလိုက်တယ်လို့ စက်တင်ဘာ ၃ ရက်နေ့က ကြေညာချက် ထုတ်ခဲ့ပါတယ်။

မနေ့က တွံတေးမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့တော့ ဘယ်လို ဆောင်ရွက်ဖို့ ရှိတယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

NLD ကို ဖြိုခွင်းဖို့၊ မကောင်းကြံဖို့ မလုပ်နဲ့နော်။ နတ်မင်း၊သိကြားမင်း၊ဗြဟ္မာမင်း၊ယမမင်း အားလုံးကမကြိုက်ဘူးနော်။ သတိပေးတာပါ။

Jan 28, 2013 02:27 AM

အမည်မဖော်လိုသူ

ဟုတ်မှလည်းလုပ်ကြပါ လူဆိုတာကိုယ့်ကိုတော့ အကောင်းဆုံးလို့ ထင်ကြတာပါ ယှဉ်ပြိုင်တဲ့သူမရှိဘဲနဲ့ ဘာနဲ့ပြမှာလည်း

Sep 11, 2012 12:18 AM

ကျော်သူ

နေရပ်- ခေတ္တ/ ထိုင်းနိုင်ငံ

န.အ.ဖ ကို ဆန္ဒပြရင် အဖမ်းခံရမယ်။ NLD ကို ဆန္ဒပြရင်
အထုတ်ခံရမယ်။ဒါဆို ဒို့ ရဲ့ ဆန္ဒတွေကို သိမ်းထားကြပေတော့။

Sep 09, 2012 03:27 AM

ko nyo pathein

ကိုယ်လိုချင်တာ လုပ်စေချင်တာကို ပါတီဝင်ဖြစ်တဲ့အတွက် အဆင့်ဆင့် တင်ပြလို့ရမယ်ဆို တင်ပြသင့်တယ်။ တင်ပြဖို့ အခွင့်အရေးမရှိရင်တော့ ဆန္ဒပြတဲ့နည်းကို သုံ့းရမယ်။ ဆန္ဒပြတာက ရေလဲနဲ့သုံးရမယ့် ဆေးနည်း မဟုတ်ဖူး။ နားလည်မှုလွဲနေ ကြတယ်လို့ ထင်မြင်မိပါကြောင်း။

Sep 08, 2012 07:50 PM

ကျော်သူ

နေရပ်- ခေတ္တ/ ထိုင်းနိုင်ငံ

ဒီမိုကရေစီလို့ ကြွေးကျော်ရင် ဒီမိုကရေစီရဲ့ သဘောတရားကို
ဦးညဏ်ဝင်း သေသေချာချာ သိအောင်လုပ်ထားပါ ။

Sep 07, 2012 08:47 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.