အစိုးရဆန့်ကျင်ရေး စာရွက်တွေ မုံရွာမှာ ဖြန့်ဝေ

မုံရွာမြို့ပေါ်က လူစည်ကားရာ နေရာ ၇ နေရာလောက်မှာ ကျောင်းသား လူငယ်လို့ နံမည်တပ်ထားတဲ့အဖွဲ့တွေက လာမည့်ရက်ပိုင်းမှာ ဆန္ဒပြရေး အပါအဝင် တောင်းဆိုချက် သုံးရပ် ပါဝင်တဲ့ နှိုးဆော်စာတွေကို ဒီကနေ့မနက် ၅ နာရီလောက်မှာ ဖြန့်ဝေခဲ့တယ်လို့သိရပါတယ်။

2011.07.15

ဒီစာဖြန့်ဝေတာကို တွေ့ခဲ့ရတဲ့ ဒေသခံ လူငယ်တဦး က-

“ဒီကနေ့မနက် ၅ နာရီလောက်မှာ မုံရွာမှာ ရွှေစည်းခုံ ဘုရား၊ စိုက်ပျိုးရေးဝင်း လုံထိန်းတွေရှိတဲ့ နေရာ၊ စံလာဝီ ကမ်းနား၊ ဒေါနပြင် ရပ်ကွက်၊ အထက ကျောင်းတွေ အားလုံး ၇ နေရာလောက် ရှိတယ်။ စာတွေ ဖြန့်တာဗျ။ ကျောင်းသား လူငယ်လို့ရေးထားတယ်ဗျ။ စာတွေကတော့ အမျိုးမျိုး ရေးထားတာပေါ့။ ၁၈၊ ၁၉ မှာ ဆန္ဒပြကြမယ်။ ပြည်တွင်းစစ်ရပ်စဲရေး၊ တွေ့ဆုံ ဆွေးနွေရေး၊ ဖမ်းဆီး ကျောင်းသားများ ပြန်လွှတ်ရေး၊ ဒို့အရေး ဆိုပြီး စာရွက်တွေမှာ ရေးထားတယ်။ ကျွန်တော်တို့ကောက်တယ်ဗျ။ ဖတ်တယ်ဗျ။ အချင်းချင်း အပြန်အလှန် ဖြန့်ဝေတာတွေလည်း လုပ်တယ်ဗျ။ စည်ပင်ကတော့ အဲဒီစာတွေကို ကားနဲ့ပတ်ပြီး လိုက်သိမ်းတာတွေ ကျွန်တော်တွေ့ခဲ့ရတယ်”

- လို့ ပြောပါတယ်။

စာပါ အကြောင်းအရာတွကို ပြည်သူလူထုက စိတ်ဝင်စားကြကြောင်း၊ ပြန့်ကျဲနေတဲ့ စာတွေကို စည်ပင်သာယာက လိုက်လံ သိမ်းဆည်းခဲ့ပေမဲ့ တစုံတရာ အရေးယူတာ မရှိကြောင်း အဲဒီ ဒေသခံက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။