ရန်ကုန်မြို့ မြေနီကုန်းကနေ မြို့တော်ခန်းမထိ စီတန်းလှည့်လည်ဆန္ဒပြကြတဲ့သူတွေထဲက အနည်းဆုံး (၆) ယောက်လောက်ကို ဒီကနေ့ ညနေ ၄နာရီလောက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေဟာ ပုဒ်မ ၁၈ ( တရားမဝင် စီတန်းလှည့်လည်ခွင့်) ဖျက်သိမ်းပေးဖို့အတွက် ခုလိုဆန္ဒ ပြကြတာဖြစ်တယ်လို့ ပြောပါတယ်။
အခုလို အဖမ်းခံလိုက်ရတာနဲ့ ပတ်သက်ပြီး Generation Youth အဖွဲ့က ကိုကျော်နေဝင်းက ခုလိုပြောပါတယ်။
"ကျွန်တော်တို့လက်ရှိကတော့ ကျောက်တံတားရဲစခန်းက လေးနာရီဆယ်မိနစ်က ခေါ်ထားတာပဲရှိတယ်။တင်ထွဋ်ပိုင်ပါတယ်၊လှိုင်မင်းဦးပါတယ်။စည်သူပါတယ်။ကျော်သူပါတယ်။ကိစ္စကတော့ ပုဒ်မ ၁၈ ဖော်ထုတ်တဲ့ ကိစ္စဆိုတော့ တရားစွဲလဲ ပုဒ်မ ၁၈ နဲ့ပဲ ဆွဲမှာပေါ့"
ဒီနေ့ နေ့လည် ၂ နာရီလောက်မှာ စမ်းချောင်းမြို့နယ် မြေနီကုန်းကနေ စတင်စီတန်းထွက်ခွာလာကြ တာဖြစ်ပြီး ကြည့်မြင်တိုင်၊ အလုံ၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းမြို့နယ်တွေကနေ မြို့တော်ခန်း မရှေ့ထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
စီတန်းလှည့်လည်ကြသူတွေကို ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်ကြတဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးတွေက စီတန်းလှည့်လည်ကြသူတွေကို ဥပဒေအတိုင်း ဆက်လက်အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။