စာနယ်ဇင်း လောကတွင်း စီးပွားရေးသမားအချို့ ၀င်ရောက်လာ

2011-08-03

စက်မှုလက်မှု ၀န်ကြီးဟောင်း ဦးအောင်သောင်း ရဲ့ သား ဦးနေအောင်ပိုင် IGE International Group of Entrepreneurs လုပ်ငန်းစု ကနေ Myanmar Wall Street လို့ အမည်ပေး ထားတဲ့ အပတ်စဉ်ထုတ် ဂျာနယ် တစောင်ကို အခုနှစ် အတွင်း ထုတ်ဝေဖို့ ပြင်ဆင် နေပြီလို့ ပြည်တွင်း အခြေစိုက် Yangon Press International အင်တာနက် သတင်းမှာ မနေ့က ဖော်ပြ လိုက်ပါတယ်။

Photo: RFA

ရန်ကုန်မြို့လယ်က စာနယ်ဇင်းအရောင်းဆိုင် တဆိုင်မှာ အပတ်စဉ်ထုတ် ဂျာနယ်များ ခင်းကျင်းထားသည့် မြင်ကွင်း။

စစ်ဗိုလ်ချုပ် အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင် အချို့ သတင်းမီဒီယာ လောကထဲ တဖြည်းဖြည်း ခြေဆန့်လာတယ် ဆိုပေမယ့် ပြည်တွင်းစာနယ်ဇင်း သမားတွေကလည်း အစဉ်အလာအတိုင်း နည်းမျိုးစုံနဲ့ ရေးသား ထုတ်ဖော်ခွင့်ရဖို့ ကြိုးစားနေတာ တွေ့မြင်ရတယ်လို့ ပြည်ပအခြေစိုက် မိုးမခ အင်တာနက် သတင်းမီဒီယာရဲ့တာဝန်ခံအယ်ဒီတာ ဦးမောင်ရစ်က ပြောပါတယ်။

“အခုအချိန်မှာ စစ်အစိုးရ အသစ်အောက်မှာ စာနယ်ဇင်း လုပ်ငန်းထဲကို စီးပွားရေး လုပ်ငန်းရှင် အသစ်တွေ အဟောင်းတွေက စိတ်ဝင်စားပြီး မြှုပ်နှံကြတယ်။ မြှုပ်နှံတာ ကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စာနယ်ဇင်း လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ စာနယ်ဇင်း သမားတွေ ၀န်ထမ်းတွေရဲ့ စားဝတ်နေရေး အထိုက်အလျောက်တော့ ပြေလည်မယ်။ ဒီပြေလည်လာတာနဲ့ အတူ သူတို့ရဲ့ရေးကွက် လုပ်ငန်း လုပ်ကွက် တွေကလည်း ပိုကျယ်ပြန့် လာမယ်လို့ မြင်ပါတယ်”

Myanmar Wall Street ဂျာနယ်ရုံးခန်းကို ရန်ကုန်မြို့ ရွှေဂုံတိုင်မှာ ဖွင့်လှစ်ထားကြောင်းနဲ့ စီးပွားရေး သတင်းတွေကိုပဲ ဦးစားပေး ဖော်ပြသွားမှာ ဖြစ်တယ်လို့ Yangon Press International က ဆိုပါတယ်။

စီးပွားရေး လုပ်ငန်းရှင်အချို့ လောလောဆယ်မှာ ပိုင်ဆိုင်တဲ့ ဂျာနယ်တချို့ ရှိကြပြီး အဲဒါတွေကတော့ ရွှေသံလွင် ဦးကျော်ဝင်းပိုင် အဲန်ဗွိုင်း (Envoy) ဂျာနယ်၊ ပြည့်စွမ်းရည် ကုမ္ပဏီလုပ်ငန်းစုပိုင်ရှင် ဦးဇော်မင်းအေးပိုင် မက်ဆင်ဂျာ (Messenger) နဲ့ အီကို ဗီးရှင်း (Ecovision) ဂျာနယ်တွေပဲ ဖြစ်ကြပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ ရောက်ရှိ

ဂျပန်ကြွေးမြီ လျှော်ပစ်ကြောင်း တရားဝင်ကြေညာ

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေကို အီးယူ ကော်မရှင်နာမင်းကြီး အားရ

တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ကတိပေး

ပညာရေးနဲ့ ကျန်းမာရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

တရားဥပဒေ စိုးမိုးမှု အနည်းဆုံး ၁ဝ နိုင်ငံစာရင်းမှာ မြန်မာ ထိပ်ဆုံးကပါနေ

CIA ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ သွားရောက်ဖွယ်ရှိ

ပိတ်ဆို့မှုတချို့ လျှော့ချတာနဲ့ ပတ်သက်လို့ ပညာရှင်တစ်ဦး အမြင်

ဒေါက်တာ ဂျိုးဇက် စတစ်ဂလစ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာမယ်

အတိတ်က ဖြစ်ရပ်တွေကို ၀န်ခံမှ မြန်မာပြည် ရှေ့ကို တိုးနိုင်မည်