ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အလန်းဖလွတ်ကျေးရွာမှာ သိမ်းယူထားတဲ့လယ်ယာမြေထဲမှာ ဝင်ရောက်တဲထိုးလို့ိဆိုပြီး နှစ်ရက်ကြာ ရဲစခန်းမှာ နှစ်ရက်ကြာ အဖမ်းခံထားရတဲ့ လယ်သမား (၁၀) ယောက်ကို မနေ့ညနေပိုင်းက အာမခံနဲ့ပြန်လွှတ်ပေးလိုက်ပါတယ်။
အဲဒီ လယ်သမား ၁၀ ဦးကို ပြခဲ့တဲ့ သြဂုတ်လ ၂၆ ရက် နေ့က ဖမ်းဆီးခဲ့တာလို့သိရပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်က လယ်သမား(၄၂) ယောက်ပိုင်ဆိုင်တဲ့ လယ်ဧက ၁၀၀၀ (တစ်ထောင်) ကျော်ကို အစိုးရကိုပေးရမယ့် အခွန်မကျေလို့ဆိုပြီး ဖျာပုံမြို့နယ် အုပ်ချုပ်ရေးမှူး က သိမ်းယူခဲ့တာ လို့ လယ်သမားတွေက ပြောပါတယ်။
အဲ့ဒီနောက်ပိုင်း မှာ ကျေးရွာအုပ်ချုပ်ရေးမှူးက တခြားလယ်သမားတွေကိုရောင်းချခဲ့တယ်လို့ သိရပါတယ်။
ဒီနှစ် ဇွန်လဆန်းပိုင်းလောက်က မူလပိုင်ရှင်လယ်သမားတွေက တဲတွေဝင်ဆောက်ခဲ့ရာမှာ အုပ်ချုပ်ရေးမှူး ထံက ဝယ်ယူခဲ့တဲ့ လယ်သမားတွေက ပိုင်နက်ကျူးလွန် မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
လယ်သမား ၁၀ ဦးဟာ လာမယ့်စက်တင်ဘာလ ၃ ရက်နေ့မှာ ရုံးချိန်းတက်ရောက်ရမှာ ဖြစ်ပါတယ်။