လက်ပန်းတောင်းတောင်ကြီး ပျောက်ကွယ်ပြီး သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှာကို မလိုလားတဲ့တွက် အခုလို ဆန္ဒပြရတာလို့ ဒီပွဲကိုဦးဆောင်တဲ့ ဦးမြင့်စိုးက RFAကို ပြောပါတယ်။
ဒေသခံတွေဟာ ပိတ်ကားတွေပေါ်မှာ စီးပွားရေးအကြမ်းဖက်မှု ရပ်တန့်ရေး စာတန်းထိုးပြတာတွေ၊ လပ်ပန်းတောင်းတောင် ပျက်စီးနေတဲ့ ရုပ်ပုံတွေကို ပြသတာတွေ၊ လက်ပန်းတောင်းတောင် ရပ်တန့်ရေးဆိုပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။
တစ်ချိန်တည်းမှာဘဲ ကြေးနီတောင်စီမံကိန်းဒေသက တရုတ် ဝမ်ပေါင် ကုမ္ပဏီဝင်းထဲမှာ လုံခြုံရေး အင်အား(၇ဝဝ)ခန့် ချထားတာတွေ့ရတယ်လို့ မြန်မာနိုင်ငံ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ကျောင်းသားများအဖွဲ့မှ တာဝန်ခံ ကိုသောင်းထိုက်က ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ မုံရွာမြို့ပေါ်က သံဃာတော် အပါး(၇ဝ)ခန့် ထပ်မံရောက်ရှိလာပြီး ညနေပိုင်းမှာတော့ မန္တလေးနဲ့ ပခုက္ကူမြို့က သံဃာတော်တွေနဲ့ ရေစကြိုမြို့က နိုင်ငံရေး အင်အားစုတွေ ရောက်ရှိလာပြီး ဒေသခံတွေနဲ့ လာရောက်ပူးပေါင်းကြတယ်လို့ သိရပါတယ်။