ပြင်ဦးလွင်မှာ ရှေ့နေတစ်ဦး တစ်ကိုယ်တော်ဆန္ဒပြ


2014.05.29

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက မှန်ကန်တဲ့ တရားစီရင်ရေးရှိဖို့  ဒီနေ့  တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

တရားသူကြီးတချို့ရဲ့ အဂတိလိုက်စားမှုတွေကို ပြည်ထောင်စု တရားလွှတ်တော်ထံ တိုင်ကြားခဲ့ပေမဲ့ ဆောင် ရွက်ပေးတာမရှိလို့ ဆန္ဒပြတာဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်း က ပြောပါတယ်။

"အဂတိလိုက်စားပြီး ဆောင်ရွက်တယ်၊ ဒီလိုဆောင်ရွက်ခဲ့တာတွေကို ပြည်ထောင်စု တရားလွှတ်တော်အထိ တိုင်တယ်၊ ဒီနေ့ ဒီအချိန်အထိ အရေးယူမပေးဘူး၊ ဖိနှိပ်မှုက ပိုများလာတယ်၊ ဒါ့အပြင် ကျနော်က တောင်သူ အကျိုးကို ဆောင်ရွက်နေသူဖြစ်တဲ့အတွက်ကြောင့် ကျနော့်ကို ပိုဖိတယ်၊ အဲဒါကို မကျေနပ်လို့ ကျနော် ဆန္ဒထုတ်ဖော်တာ"

ရှေ့နေဦးဇော်ဝင်းဟာ အရင်တုန်းကလည်း တရားစီရင်ရေးမှာ အဂတိလိုက်စားမှု ကင်းစင်ဖို့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့ဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။