Ooredoo ဆက်သွယ်ရေး ကုမ္ပဏီ ရာနှုန်းပြည့် နီးပါး မြန်မာနိုင်ငံသားကို ခန့်မည်

မြန်မာ့ဆက်သွယ်ရေး အော်ပရေတာ တင်ဒါအောင်ထားတဲ့ ကာတာနိုင်ငံအခြေစိုက် Ooredoo ကုမ္ပဏီက မြန်မာနိုင်ငံသားဝန်ထမ်း ၉၉ ရာခိုင်နှုန်း ခန့်အပ်သွားမယ်လို့ အဲဒီကုမ္ပဏီအကြီးအကဲ Ross Cormack က ဒီနေ့ ပြောလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာကျင်းပတဲ့ Ooredoo ကုမ္ပဏီရဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ စကားပြန်ကတဆင့် အခုလိုပြောလိုက်တာပါ။

အခု ြသဂုတ်လမှာပဲ ကျွမ်းကျင်ဝန်ထမ်းတွေကို စတင်ခန့်ထားပြီးဖြစ်တယ်လို့လည်းပြောပါတယ်။

လတ်တလောမှာတော့ လုပ်ပိုင်ခွင့် လိုင်စင်မရရှိသေးပဲ အစိုးရဆီက ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရပြီးခြောက်လအတွင်းမှာ မြန်မာတစ်ပြည်လုံး အနှံ့ လုပ်ငန်းစတင်မယ်လို့ပြောပါ တယ်။

ဒ့ါအပြင် ဖုန်းပြောဆိုခတွေကိုလည်း တင်ဒါတင်သွင်းစဉ်အခါက တစ်မိနစ်ကို ကျပ်၄ဝနှုန်းနဲ့ အစိုးရဆီတင်ပြထားပေမဲ့ တကယ် လုပ်ငန်းစတင် လည်ပတ်ချိန်မှာတော့ ဈေးနှုန်းပို သက်သာလာမယ်လို့ လည်း ပြောပါတယ်။

ကာတာနိုင်ငံအခြေစိုက် Ooredoo ကုမ္ပဏီဟာ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းက ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတင်ဒါအောင်မြင်ခဲ့တဲ့ နိုင်ငံခြားကုမ္ပဏီနှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။