ဒါ့အပြင် ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးခင်အောင်မြင့်နဲ့လည်း သီးခြားစီ တွေ့ဆုံမယ်လို့ သိရပါတယ်။ မနက်ဖြန်မှာတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အမျုးိသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေး ပါတီတချို့နဲ့လည်း သီးခြားစီ တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် အကျဉ်းထောင်တွေကိုလည်း သွားရောက် ကြည့်ရှုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ မစ္စတာကင်တားနားဟာ သြဂုတ်လ (၂၅) ရက်မှာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။
