အခြေခံလူ့အခွင့်အရေးတွေ ထိရောက်စွာ ကာကွယ်ဖို့ ကင်တားနား တိုက်တွန်း

2011-09-06

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကော်မရှင်အသစ် ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ အခြေခံ လူ့အခွင့်အရေးမူတွေ အတိုင်း ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားက မနေ့က တိုက်တွန်းလိုက် ပါတယ်။

UN Photo/Eskinder Debebe

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ တောမတ်စ် အိုဂျီးယား ကင်တားနား (ဝဲ) အား တာဝန်ပေးအပ်ထားပါသည်။ (UN Photo/ Eskinder Debebe)

လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ စတင် ဖြေရှင်း ဆောင်ရွက်မယ့် အစိုးရရဲ့ လုပ်ရပ် မှန်သမျှကို ကျနော်အနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ ဆိုတာ ကုလသမဂ္ဂက သတ်မှတ် ပြဌာန်းထားတဲ့ အခြေခံ လူ့အခွင့်အရေး မူတွေကို ထိထိရောက်ရောက် ကာကွယ် မြှင့်တင်ပေးရမယ့် အချက်ရှိနေတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကော်မရှင်အနေနဲ့ လွတ်လွတ်လပ်လပ်စုံစမ်း လေ့လာ ဖေါ်ထုတ် အရေးယူခွင့် ရှိရမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ဒီကော်မရှင် အသစ် မတိုင်ခင် အရင် အစိုးရက ထူထောင်ခဲ့တဲ့ လူ့အခွင့်အရေး အဖွဲ့နဲ့ အကြိမ်ပေါင်း များစွာ အပြန်အလှန် ဆက်ဆံခဲ့တဲ့ အတွေ့အကြုံအရ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်စစ်မှန်မှန် ကာကွယ်ပေးနိုင်ခဲ့ခြင်း မရှိတာကို သူ့အနေနဲ့ စိတ်ပျက်ခဲ့ရတယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။

ဒါကြောင့် အခု သမ္မတ ဦးဆောင်ပြီး ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အသစ် အနေနဲ့ အရင် လူ့အခွင့်အရေး အဖွဲ့နဲ့ မတူပဲ အခြေအနေတွေ တိုးတက်လာအောင် လက်တွေ့ကျကျ ဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်မိကြောင်း အာအက်ဖ်အေကို ပြောသွားပါတယ်။

မစ္စတာ ကင်တားနားကို အာအက်ဖ်အေ မှ မအင်ကြင်းနိုင်က မေးမြန်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ ရောက်ရှိ

ရွေးကောက်ပွဲ ကြည့်ရှုဖို့ အမေရိကန်အဖွဲ့ရောက်ရှိ

ကချင်ဒေသဒုက္ခသည်တွေဆီ ကုလအကူညီပေးရေးအဖွဲ့ ရောက်ရှိ

ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည် ဆန်းစစ်ကြဖို့ ကုလကိုယ်စားလှယ် ပြော

မြန်မာအစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြေရှင်းဖို့ လိုနေဆဲ

ပညာရေးနဲ့ ကျန်းမာရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

အတိတ်က ဖြစ်ရပ်တွေကို ၀န်ခံမှ မြန်မာပြည် ရှေ့ကို တိုးနိုင်မည်

အရေးတကြီး ဖြေရှင်းစရာ လူ့အခွင့်အရေးအခြေအနေတွေ ကျန်နေဆဲ

လူ့အခွင့်အရေး ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး

လူ့အခွင့်အရေး ကိုယ်စားလှယ် ခရီးစဉ် မနက်ဖြန် စမည်