(၆) ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ရန်ကုန်လေဆိပ်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ တိုးတက်လာတဲ့ အပြောင်းအလဲတချို့ တွေ့ရပါတယ်၊ ဒါပေမဲ့ ရှေ့ကို တက်လှမ်းတာဟာ နောက်မှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာတွေကို ဖျောက်ဖျက်ပစ်တာ မဟုတ်ဘူးဆိုတာကို မိမိအနေနဲ့ အလေးအနက် ပြောရမှာပါ၊ လက်ရှိသမိုင်းကို ရဲရဲရင်ဆိုင်ပြီး၊ ပြည်သူတွေ ကြုံတွေ့ခံစားခဲ့ကြရတဲ့ ကျူးလွန်မှုတွေကို အသိအမှတ် ပြုရပါလိမ့်မယ်၊ ဒါမှသာ အမျိုးသား ရင်ကြားစေ့ရေး အတွက် စိတ်ချရပြီး၊ နောင်မှာ အလားတူ ကျူးလွန်မှုတွေ မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်လို့ မစ္စတာ ကင်တားနား က ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ လက်ရှိ တိုးတက် ပြောင်းလဲနေတဲ့ ဖြစ်စဉ်ကနေ နောက်ပြန်ဆုတ်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိနေကြောင်း ခရီးစဉ်အပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။