ရခိုင်ပြည်နယ်အရေး အဖြစ်မှန်ဖော်ထုတ်ဖို့ ကင်တားနားတိုက်တွန်း

ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2012-08-04
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

မြန်မာနိုင်ငံကို ၆ ရက်ကြာ သွားရောက် လေ့လာစုံစမ်းခဲ့တဲ့ မစ္စတာ ကင်တားနားက ခရီးစဉ်ပြီးဆုံးတဲ့နောက် အခုလို တိုက်တွန်း ပြောဆိုလိုက်တာပါ။

ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ သောမတ်စ် ကင်တားနားက - ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အခွင့်အရေး အခြေအနေဟာ စိုးရိမ်စရာ ကောင်းပါတယ်။ ပဋိပက္ခတွေကြောင့် ပြည်သူတွေ အနေနဲ့ အိုးအိမ်တွေ၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ပျက်စီး ဆုံးရှုံးခဲ့ရတာတွေကို ကိုယ်တိုင်တွေ့မြင်ခဲ့ ရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒေသခံ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေနဲ့ မူဆလင် ရိုဟင်ဂျာတွေ အကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အဖြစ်မှန်တွေ စုံစမ်း ဖော်ထုတ်ဖို့ လိုအပ်ကြောင်း၊ ဒါ့အပြင် အဲဒီ အရေးအခင်းအတွင်း မြန်မာ့ လုံခြုံရေး တပ်ဖွဲ့တွေက ညှဉ်းပန်း နှိပ်စက်မှုနဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့လည်း စုံးစမ်း ဖော်ထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဟုတ်မှန်ခြင်း ရှိမရှိကိုတော့ သူ့အနေနဲ့ ပြောဆိုရမယ့်သူ မဟုတ်ကြောင်း၊ မြန်မာ အစိုးရအနေနဲ့ ဒီအဖြစ်မှန်တွေကို စုံစမ်းဖော်ထုတ်ပြီး ဖြေရှင်းဖို့ အရေးကြီးကြောင်း ပြောဆိုခဲ့ပါတယ်။

၁၉၈၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကို ပြန်လည် သုံးသပ်ဖို့ လိုတယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။ ဒီဥပဒေဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ကနေ ကန့်သတ်ထားသလို လွတ်လပ်စွာ သွားလာခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မစ္စတာ ကင်တားနားက သူ့ရဲ့အခုရီးစဉ်အပြီး တိုက်တွန်းခဲ့တဲ့ အထဲမှာ နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်တပ်က အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အတိုက်အခံတွေနဲ့ တိုင်းရင်းသား လူမျိုးစုတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အဖြစ်မှန် ဖော်ထုတ်ရေး ကော်မရှင် Truth Commission တစ်ခု ဖွဲ့စည်း ထူထောင်ဖို့ လိုအပ်တယ်လို့လည်း မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

Immigration issue should be sorted out by the Law of Burma, before English rules our country and also 1982 law still valid and should not be change at all. We have thousands of Chinese and Indians living in our land for many centuries but they would never granted as Burmese Citizenship. This issue nothing to be related with Democracy Reform in the Country. Be fair, there are many countries in the world do not given citizenship regardless of how many years residing even legally in their countries. Do not put blame on Burma Government. There is nothing we can do. Totally agreed with President U Thein Sein that third countries should accept the Refugee - Rohingas.

Aug 08, 2012 03:41 AM

ကိုလတ်ထွန်း

နေရပ်- မောင်တော

ကင်တားနားကိုယ်တိုင် မောင်တောနဲ့စစ်တွေကို လာပြီးအဖြစ်မှန်ကို
လေ့လာသွားပြီးပဲ။ နောက်ထပ်အဖြစ်မှန်ကိုဘာလို့ စုံစမ်းဖော်ထုတ်ဖို့ လိုသေးလို့လဲ။ ဘာလဲ ဘင်္ဂလီတွေနာမည်ကောင်း မရလို့ မကျေနပ်ဖြစ်နေတာလား။ ခင်ဗျားတို့ပြောတဲ့ လူ့အခွင့်အရေးက ဘင်္ဂလီလူမျိုးတစ်မျိုးအတွက်ပဲလား။ တိုင်းရင်းသားတွေမှာကော လူ့အခွင့်အရေးမရှိဘူးလား။ ဘင်္ဂလီအတွက်သာ လူ့အခွင့်အရေးကိုကြည့်မယ်ဆိုရင်တော့ ကုလသမဂမှာမလုပ်ဘဲ တခြားအလုပ်တစ်ခုကိုပြောင်းလုပ်လိုက်တာကောင်းမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလသမဂကပြဌါန်းထားတဲ့ ပဋိဥာဏ်စာမချုပ်ကို ချိုးဖောက်လို့ပါပဲ။

Aug 05, 2012 09:44 AM

အမည်မဖော်လိုသူ

ဘင်္ဂလီ က ဘင်္ဂလီပါပဲ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းတွေကို ရပ်တန်းက ရပ်ကြပါ။ တိုင်းရင်းသား မပြောနဲ့အုံး နိုင်ငံသားဖြစ်ခွင့်တောင် မထိုက်တန်တဲ့လူတွေပါ။ အမေရိကန်မှာ နိုင်ငံသားဖြစ်ခွင့်လျှောက်တဲ့အခါ ဘာတွေ လိုအပ်လဲ ဆိုတာ လေ့လာလိုက်ပါအုံးလို့ ကင်တာနားကို ပြောချင်ပါတယ်။ လိမ်လည်၊ လုပ်ကြံထားတဲ့ သမိုင်းတွေနဲ့ ဘာသာရေးပြသာနာလိုလို လုပ်ကြံနေကြတဲ့ ဟာတွေကို ရခိုင်တွေရော မြန်မာနိုင်ငံသားတွေပါ သတိထား တုံပြန်သင့်ပါတယ်။ ဒါဘာသာရေး မဟုတ် လူမျိုးရေးလည်းမဟုတ် နိုင်ငံလုံခြုံရေးကို ချိန်းခြောက်နေတဲ့ တဖက်နိုင်ငံက လူတွေပါ။

Aug 05, 2012 10:58 AM