ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွား


2015.04.18
nyo-thun-aung-305 ရက္ခိုင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်ပုံ
Photo:nyo thun aung facebook

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရက္ခိုင့် တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ မနေ့ကစပြီး ဒီနေ့အထိ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားခဲ့ ပါတယ်။

ကျောက်တော်အခြေစိုက် ခမရ ၅၃၉ တပ် နဲ့ ကျောက်တော်မြို့နယ် စပါးဆိပ်ကျေးရွာတဝိုက်မှာ တိုက်ပွဲဖြစ်နေတာလို့ ရက္ခိုင့်တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင် က ပြောပါတယ်။

"တိုက်ပွဲကတော့ မနေ့က ကျနော်တို့ ၄ ကြိမ်လောက်ဖြစ်တယ်ခင်ဗျ၊ ၁၇ ရက်နေ့ ဒီနှစ်ဆန်း ၁ ရက်နေ့ပေါ့နော်၊ ဒီနေ့မနက် ၁၈ ရက်နေ့မှာလည်း အဲ့ဒီရဲ့အနီးအနားပတ်ချာ လည်တွေမှာပဲ ကျနော်တို့ ထိတွေ့မှု ၂ ကြိမ်ထပ်ဖြစ်ထားတယ်ခင်ဗျ"

ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့နယ် ထဲက ပြင်ငူကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့မတ်လ ၂၉ ရက်နေ့က တစ်ကြိမ်၊ ဧပြီလ ၁၀ရက်နေ့ကတစ်ကြိမ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

AA ရက္ခိုင့်တပ်မတော်ဟာ ပလောင်လွတ်မြောက်ရေးအဖွဲ့ TNLA နဲ့အတူ ဦးဖုန်ကြားရှင်ရဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တရုတ်-မြန်မာနယ်စပ် လောက်ကိုင်မြို့တဝိုက်မှာ အစိုးရတပ်မတော်ကို တိုက်ခိုက်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်ကို RFA သတင်းထောက် မပြုံးမို့မို့ဇင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။