ရေယာဉ်နစ်မြုပ်မှု စုံစမ်း စစ်ဆေးရေးအစီရင်ခံစာ တင်ပြ


2015.03.21
rakhine-ship-305 အောင်တံခွန် အမှတ်(၃) ခရီးသည်တင်ရေယာဉ်ဟာ မတ်လ ၁၃ ရက်နေ့ညက နစ်မြုပ်ခဲ့ရာမှာ ကယ်ဆယ်ရေး ဆောင် ရွက်နေကြစဉ်
Photo: Min Thein Aung/ RFA

အောင်တံခွန် အမှတ် ၃ ရေယာဉ်နစ်မြုပ်မှုနဲ့ပတ်သက် တဲ့ စစ်ဆေးတွေ့ရှိချက်တွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့ က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြလိုက်ပါတယ်။

အဲဒီရေယာဉ်ဟာ လူပိုတင်တာတွေ ဝန်ပိုတင်တာတွေ နဲ့ ရေယာဉ်ကြံ့ခိုင်မှု အားနည်းတာတွေကြောင့် နစ်မြုပ် ခဲ့တယ်ဆိုတာကို တွေ့ရှိကြောင်း တင်ပြလိုက်တယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ချင်းတိုင်းရင်းသားရေး ရာဝန်ကြီး ဦးကိုကိုနိုင်က ပြောပါတယ်။

"သဘောၤရဲ့ကြံ့ခိုင်ကျန်းမာ အနေအထားစစ်ဆေး ရတဲ့တာဝန်ရယ်၊ ခရီးစဉ်တလျှောက်လိုက်ပါလာ မယ့် ခရီးသည်တွေရဲ့ အရေအတွက်ကန့်သတ် ချက်တွေ ဒါတွေဟာ လိုအပ်သည်ထက် ပိုမို များပြားနေတဲ့ အသုံးစရိတ် ရယ် နောက်တစ်ခုက မမျှော်လင့်ပဲနဲ့ ရခိုင်ကမ်းရိုးတန်းဒေသသည်  ဒီအချိန်မှာ လေကြောင်းပြောင်လဲမှု အနေအထားအရ လှိုင်းထန်၊ လေထန် အဲ့သဘောမျိုးလည်းပါတယ်၊ ဆိုလိုတဲ့သဘောမျိုးကတော့ ကျနော်တို့ရဲ့ လိုအပ်တဲ့အနေအထား ၃ ချက်နဲ့ ဖောက်ပြန်မှုအနေအထားအရ ပေါင်းလိုက်လို့ရှင် ဒီလိုနစ်မြုပ်မှုကို ဖြစ်ပေါ်စေခဲ့တာပဲဖြစ်တယ်"

ဒီလ ၁၃ရက်နေ့ညက ရခိုင်ပြည်နယ် မြောက်ကြိမ်ကျွန်းအနီး နစ်မြုပ်ခဲ့တဲ့ အောင်တံခွန် အမှတ် ၃ ခရီးသည် တင် ရေယာဉ်မှာ အသက်ကယ်အင်္ကျ ီအလုံအလောက်မပါရှိတာကိုလည်း တွေ့ရှိခဲ့တယ်လို့ ဦးကိုကိုနိုင် က ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ မြောက်ကြိမ်ကျွန်းက ရေလုပ်သားတွေ၊ ရေယာဉ်နစ်မြုပ်မှုကနေ လွတ်မြောက်လာတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မြေပုံမြို့က မြို့ခံတွေကို မေးမြန်းပြီး အစီရင်ခံစာကို ရေးသားတင်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌဖြစ်သူ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးကိုကိုနိုင်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။