ရခိုင်အရေးအခင်း ပြစ်မှု ကျူးလွန်သူတွေ အရေးယူရေးကိစ္စ ကုလကိုယ်စားလှယ် စိုးရိမ်


2013.05.02
rakhine-unrest-police-aid-b305 ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတွင် ခိုလှုံနေကြသော ဒုက္ခသည်များ ဖြစ်ပါသည်။
RFA

ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာပါ တိုက်တွန်းချက်တချို့ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားက ကြိုဆိုလိုက်ပြီး အကြမ်းဖက်မှုတွေမှာ လူ့အခွင့်အရေးချိုးဖောက်သူတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့ကိစ္စ မပါဝင်တဲ့အပေါ်တော့ စိုးရိမ်ပူပန်မိတယ်လို့ မစ္စတာ ကင်တားနားက ပြောလိုက်ပါတယ်။

စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အချက်တွေဟာ တန်ဖိုးရှိသလို၊ ဒီကိစ္စတွေကို အစိုးရက အကောင်အထည်ဖော်ဖို့ကိုလည်း တိုက်တွန်းတဲ့အကြောင်း၊ ရခိုင်ပြည်နယ်က မူဆလင် ဒုက္ခသည်စခန်းတွေမှာ လူဦးရေထူထပ်လွန်းပြီး၊ သောက်သုံးရေသန့်၊ စားနပ်ရိက္ခာဖူလုံဖို့နဲ့ ကလေးတွေ အဟာရပြည့်ဝဖို့၊ သန့်ရှင်းရေးနဲ့ကျန်းမာရေးအတွက် ဆောင်ရွက်ပေးဖို့၊ ပညာရေးနဲ့ သက်မွေးဝမ်းကြောင်းမှု အလုပ်အကိုင်ဖန်တီးပေးဖို့တွေ လိုအပ်တယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေအတွက် တရားမျှတမှုရှိအောင်ဆောင်ရွက်ပေးဖို့နဲ့ နှစ်ဘက်လူ့အဖွဲ့အစည်းကြားမှာ နားလည်မှုပြန်လည်တည်ဆောက်နိုင်အောင် ကြိုးစားပေးဖို့ကိုလဲ မစ္စတာ ကင်တားနားက ထပ်လောင်းပြောဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။