စစ်တွေမှာ နိုင်ငံတကာ NGO ရုံး တိုက်ခိုက်သူတွေကို ထောင်ဒဏ် ချမှတ်


2015.02.25
sittway-court-305.jpg ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့နယ်တရားရုံးကိုတွေ့ရစဉ်။
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့နှစ် မတ်လက နိုင်ငံ တကာ INGO ရုံးတွေ တိုက်ခိုက်ခံရတာနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားတဲ့ စစ်တွေမြို့ခံ ၁၀ ဦးထဲက ၇ ဦးကို ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက်ပါတယ်။

စစ်တွေမြို့နယ်တရားရုံးက ဒီနေ့ အမိန့်ချလိုက်တာဖြစ် တယ်လို့ ထောင်ဒဏ်ချမှတ်ခံရ သူတွေထဲက ဦးသန်းမောင်ရဲ့ဇနီး ဒေါ်မလှတင်က ပြောပါတယ်။

"သန်းမောင်ကို အပြစ်ရှိတယ်ဆိုပြီး ၁ နှစ်ချ တယ်လေ၊ ကျမတို့ကတော့ အပြစ်ရှိတယ်လို့မထင် ပါဘူး၊ အမအနေနဲ့ကတော့ စိတ်မကောင်းပါဘူး "

ဖမ်းဆီးခံထားရသူ ၁၀ ဦးထဲက ကျန်တဲ့ ၃ ဦးကို ပြစ်မှုမထင်ရှားတဲ့အတွက် ဒီနေ့ အပြီးသတ်လွှတ်ပေးလိုက်ပါတယ်။ အဲ့ဒီ ၁၀ ဦးကို ရုန်းရင်းဆန်ခတ်မှု၊ အိမ်ကျော်နင်းမှု၊ အကျိုးဖျက်ဆီးမှု၊ အားပေးကူညီမှုစတဲ့ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုခဲ့ တာဖြစ်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူမှုရေးအဖွဲ့ရုံး ၁၄ ရုံး၊ နေအိမ် ၁၆ လုံး၊ သိုလှောင်ရုံ ၁၅ လုံး၊ မော်တော်ယာဉ် ၁၄ စီး စတဲ့ ပျက်စီးခဲ့ပြီး ဆုံးရှုံး မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄ သိန်း ၃ သောင်းဝန်းကျင်ရှိ တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။