ရခိုင်ပြည်နယ် အကြမ်းဖက်မှုအတွင်း သေဆုံးသူ တစ်ရာကျော်ရှိနေ

ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ဒီနေ့ထိဖြစ်ခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေအတွင်း သေဆုံးသူစုစုပေါင်း (၁၁၂) ဦးရှိပြီး၊ ဒဏ်ရာရသူအရေအတွက်ဟာ ကလေး (၁၀) ယောက် အပါအဝင် (၇၂) ဦးရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရ-ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်က RFA ကို ပြောပါတယ်။

ဒဏ်ရာရသူတွေထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်နှိမ်နင်းလို့ ထိခိုက်သူ ၄ ဦးလောက်ပါတယ် လို့လည်း ပြောပါတယ်။

မီးလောင်ဆုံးရှုံးရတဲ့အိမ်ခြေက ၂ ထောင့် ၃ ရာကျော်တယ်လို့ဆိုပါတယ်။ ဒီစာရင်းတွေဟာ မြို့နယ် (၆) ခုအတွင်းဖြစ်ရပ်တွေရဲ့ စုစုပေါင်းစာရင်းဖြစ်ပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေအတွက် လတ်တလော စားနပ်ရိက္ခာ လိုအပ်ချက်ကို ခရိုင်နဲ့မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ မြို့မိမြို့ဖပြည်သူတွေ ပူးပေါင်းပြီး ကူညီပေးနေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့တွေလဲသွားလာကူညီနေတယ်လို့သိရပါတယ်။ ဒါပေမယ့် စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေဟာ ရေရှည်မှာ လုံလောက်နိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်နဲ့ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

နားဆင်ရန်

အသံဖိုင်ယူရန်