ရခိုင်ဒုက္ခသည်အလှူ ဖြန့်ဖြူးမှု မမှန်ကန်ကြောင်း ကန့်ကွက်စာပေးပို့

ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဖြစ်စဉ်ကာလတွေ အတွင်း ပုဏ္ဏားကျွန်းမြို့ကို ထွက်ပြေး တိမ်းရှောင်လာခဲ့ကြတဲ့ ဒုက္ခသည်တွေ အတွက် စေတနာရှင်တွေ စုပေါင်းလှူဒါန်းထားတဲ့ ဆန်အိတ်ပေါင်း ၃၀၀ ကျော်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်ခဲ့ခြင်း မရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကာဒီကျေးရွာကို ပေးအပ်ဖို့ စီစဉ်နေတဲ့အတွက် ပုဏ္ဏားကျွန်းမြို့ခံ လူထုတစ်ရပ်လုံးက မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။
2012-10-02
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
rakhine-riot-camp-b305
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတွင် ခိုလှုံနေကြသော ဒုက္ခသည်များ
RFA

လက်ရှိ အတိဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကိုသာ ပေးအပ်ဖို့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးဆီကို မြို့ခံလူထု ၅၀၀ ကျော်က စုပေါင်းလက်မှတ် ရေးထိုးပြီး ဒီကနေ့ရက်စွဲနဲ့ ကန့်ကွက်စာ ပေးပို့လိုက်တယ်လို့ လက်မှတ်ရေးထိုးပေးပို့ရာမှာ ပါဝင်တဲ့ မြို့ခံတစ်ဦးဖြစ်သူ ကိုထွန်းထွန်းက RFA ကိုပြောပါတယ်။

" ဒီမှာက ကျွန်တော်တို့ ပုဏ္ဏားကျွန်းမြို့မှာ ဒုက္ခသည်စခန်း ရှိပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ် လမ်းညွှန်ချက်နဲ့ နေပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ကုလားကျေးရွာတွေကို ပို့ပေးမယ်လို့ သိရပါတယ် ဆန်အိတ်တွေကို ။ အဲဒါကြောင့် မြို့နယ် လူထုတစ်ခုလုံးက မကျေမနပ်ဖြစ်ပြီးတော့   ကန့်ကွက်ကြတာပါ"
ပဋိပက္ခကာလ အတွင်းက ပုဏ္ဏားကျွန်းမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒုက္ခသည်တွေကို မြို့ပေါ်မှာရှိတဲ့ လောကမာရဇိန်သိမ်မှာ ဒုက္ခသည်စခန်း ဖွင့်လှစ်ပြီး ထားရှိခဲ့ပါတယ်။ ဒါပေမယ့် အခုလက်ရှိမှာတော့ အဲဒီဒုက္ခသည်တွေဟာ နေရပ်အသီးသီးကို ပြန်လည် ထွက်ခွာသွားခဲ့ကြပြီး ဖြစ်တာကြောင့် ကျန်ရှိနေသေးတဲ့ ဆန်အိတ် အလှူတွေကို တစ်ခြားမြို့နယ်တွေက နေအိမ်မီးရှို့ခံရတဲ့ ဒုက္ခသည်တွေ အတွက် ပေးအပ်သွားဖို့ကိုလည်း ဝန်ကြီးချုပ်ဆီ ပေးပို့တဲ့စာထဲမှာ ရေးသားထားကြောင်း မြို့ခံတွေကပြောပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

ိဓညခိုင်ဇော်

နေရပ်- မလေးရှား

ဘဂ်လာမလေးရှားတို့မှာဖြစ်ပွားနေတဲ့အခြင်းအရာများ မြန်မာပြည်အစိုးရကဘလိုမှဖြေချင်းမပေးတာဘာကြောင်းပါလေး

Oct 04, 2012 04:08 PM