ဘင်္ဂလားဒေ့ရှ်ဖက်က ကူးပြောင်းအခြေချသူ ရခိုင်နဲ့ မာရမာကြီးတွေကို နေထိုင်ခွင့်ပြု

ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ၀င်ရောက်လာပြီး တရားဝင်ခိုလှုံ ခွင့်တောင်းထားတဲ့ အိမ်ထောင်စု ၄၄ စုကို မြန်မာအစိုးရဘက်က တရားဝင်ခိုလှုံခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကို ဒီကနေ့ ဇန်န၀ါရီလ ၃၀ ရက်နေ့မှာ အတည်ပြုပြောပါ တယ်။
2013-01-30
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
maungdaw_gate_305.jpg
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ လူဝင်လူထွက် စစ်ဆေးရေးဂိတ်တစ်ခုကို တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်ထဲကို ရွှေ့ပြောင်းခိုလှုံလာကြတဲ့ အဲဒီမိသားစုတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသနဲ့ ကော့ဘဇားခရိုင်အတွင်းမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်လာခဲ့တဲ့ ရခိုင်လူမျိုးတွေနဲ့ မာရမာကြီး လူမျိုးတွေဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

ဒီမိသားစုတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက သူတို့နေထိုင်ခဲ့တဲ့ ဒေသဖက်မှာ အကြမ်းဖက်သမားအချို့ရဲ့ ရန်ပြုမှုအန္တရာယ်ကြောင့် ထွက်ပြေးခိုလှုံလာကြတာ  ဖြစ်တယ်လို့သိရပါတယ်။

အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာရှိနေတဲ့ ရခိုင်မျိုးနွယ်စုတွေကို ရခိုင်ပြည်နယ်ထဲကို ခိုလှုံခွင့်လျှောက်ထားလာပါက မည်သူမဆို ခွင့်ပြုသွားမှာဖြစ်ပြီး မောင်တောမြို့နယ်အတွင်းမှာ နေထိုင်စရာအိမ်တွေနဲ့ လယ် ၂ ဧကစီကို အစိုးရရဲ့အစီအစဉ်နဲ့ အခမဲ့ထုတ်ပေးသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

thet paing soe

နေရပ်- rakhine

myanmar government did the best way. they all are our arakanese(rakhinether).they all are our relatives.we must provide the suitable things for the arakanese who comes from there.

Feb 06, 2013 10:32 AM

(

What is the Government, Bengali Muslims born in Myanmar are refused to give citizen but Foreigners from Bangladesh allowed to stay in Myanamr. Stupid Government. No Justice,,,,



Jan 31, 2013 08:51 AM

အမည်မဖော်လိုသူ

if burmese government want to exterminate rohingya community, why does it listen to international body? burmese community and rakhine community don't know the value of themselve and mankind.

Jan 31, 2013 06:21 AM

Kyaw Thu

နေရပ်- Taunggyi

Good to save who are in trouble.But, The standard should go to all

Jan 30, 2013 10:16 PM

အမည်မဖော်လိုသူ

That is good . We need more our own people. Not Ka Lar !

Jan 30, 2013 09:33 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.