မလေးရှားမှာ ပစ်ခတ်လုပ်ကြံခံရမှု ရခိုင်ခေါင်းဆောင်တွေ ရှင်းလင်း

0:00 / 0:00

0:00 / 0:00

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက် တာအေးမောင်နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်တို့က ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ညက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မှာ သေနတ်သမားတွေရဲ့ လုပ်ကြံပစ်ခတ်မှုခံရတဲ့ အတွေ့အကြုံကို ဒီနေ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောပြကြပါတယ်။

ဒေါက်တာ အေးမောင်နဲ့ ဦးအေးသာအောင်တို့ဟာ မလေးရှားနိုင်ငံက ရခိုင်တိုင်းရင်းသားတွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့က မလေးရှားနိုင်ငံကို ရောက်ရှိခဲ့တာပါ။ သူတို့လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး ဒီနေ့ ရွှေတိဂုံဘရားအရှေ့ဖက်မုဒ်မှာရှိတဲ့ ရခိုင်ပြည်နယ်ဓမ္မာရုံမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အခုလိုပြောပြခဲ့ပါတယ်။

“သူတို့က ပစ်တဲ့အခါ ကျနော်က ဝပ်ချလိုက်တယ်၊ မှန်ကိုထိတယ်”

အဲဒီ လုပ်ကြံခံရမှုဖြစ်စဉ်ဟာ ပြည်တွင်း ပြည်ပ အစွန်းရောက် အကြမ်းဖက်သူတွေနဲ့ အချိတ်အဆက်တွေ ရှိနိုင်ကြောင်းနဲ့ မလေးရှားခရီးစဉ်မတိုင်ခင်က အင်တာနက်အီးမေးလ်ကနေ ခြိမ်းခြောက်တာတွေ လက်ခံရရှိခဲ့တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

ဒီလုပ်ကြံမှုဖြစ်ရပ်နဲ့ ပတ်သက်ပြီး တစ်ဦးတစ်ယောက်မှာ ထိခိုက်ဒဏ်ရာမရှိခဲ့သလို ကွာလာလမ်ပူမြို့က ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒီလုပ်ကြံပစ်ခတ်မှုနဲ့ ပတ်သက်လို့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ခရီးစဉ်မှာ လိုက်ပါသွားခဲ့တဲ့ ရန်ကုန်မြို့အခြေစိုက် ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ဦးတင်ထူးအောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။