ရခိုင်ဒေသလူထုအစည်းအဝေး ရသေ့တောင်မြို့တွင် စတင်ကျင်းပ

ရခိုင်ပြည်နယ်တစ်ခုလုံးက လူထုကိုယ်စားလှယ်တွေနဲ့ ပညာရှင်တွေပါဝင်တဲ့ ရခိုင်ဒေသ လူထုအစည်းအဝေးတစ်ရပ်ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့ အောင်မြေဗောဓိ အလိုတော်ပြည့်ကျောင်းမှာ ဒီကနေ့ မနက် ၈ နာရီက စတင်ကျင်းပခဲ့ပါတယ်။
2012-09-25
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဒီအစည်းအဝေးမှာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က လူထုကိုယ်စားလှယ်တွေ တစ်မြို့နယ်ကို ၅ ဦးကနေ ၁၅ ဦးအထိ တက်ရောက် စာတမ်းဖတ်ခဲ့ကြပြီး မိမိတို့ မြို့နယ်အသီးသီးရဲ့ သဘောထားတွေကို ဆွေးနွေး တင်ပြခဲ့ကြပါတယ်။

ကျောက်ဖြူမြို့နယ်လူထုရဲ့ ဆန္ဒသဘောထားတွေကိုတော့ ကျောက်ဖြူမြို့နယ် ကိုယ်စားလှယ် ဦးထွန်းအေးက အခမ်းအနားမှာ အခုလို တင်ပြခဲ့ပါတယ်။

"ကျောက်ဖြူမြို့တွင် မူဆလင်ဘင်္ဂါလီများနှင့် ရခိုင်တိုင်းရင်းသားများ၏ အတူယှဉ်တွဲ နေထိုင်ရေးကိစ္စမှာ (၁) နိုင်ငံတော်သမ္မကြီး ပြောကြားထားသည့် ၁၉၄၈ မတိုင်မီ ဝင်ရောက်နေထိုင်ကြသော ဘင်္ဂါလီများ၏ Third Generation ကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (၂) အတူယှဉ်တွဲနေထိုင်စဉ် ယခုကဲ့သို့ အကြမ်းဖက်မှု ပြဿနာများ ပေါ်ပေါက်လာပါက နိုင်ငံသား၊ တိုင်းရင်းသားများကို ကိုယ်စားပြု ကာကွယ်ပေးသည့် ဥပဒေပြဋ္ဌာန်းပေးရန်၊ (၃)  ဒေသအတွင်းရှိ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် တရားဥပဒေ စိုးမိုးရေးကို တိကျမှန်ကန်စွာ ဆောင်ရွက်ရန်၊ (၄) မတရား ကျူးကျော် ဝင်ရောက်လာခဲ့သူများ၏ နိုင်ငံသားဖြစ်မှုကတ်များကို တရားမဝင် နည်းလမ်းများကို ဆောင်ရွက်နေမှုများအား အဂတိတရား ကင်းရှင်းစွာဖြင့် တိကျမှန်ကန်စွာ ဆောင်ရွက်ရန်"

၂ ရက်ကြာ ကျင်းပမယ့် ဒီအစည်းအဝေးမှာ ရခိုင်အမျိုးသားကွန်ယက်၊ ရခိုင်လူမှုရေး အသင်းအဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

ဒီလူထုအစည်းအဝေးမှာ မကြာသေးခင်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတွေကို အဖြေရှာကြမှာဖြစ်ပြီး အတည်ပြု ရရှိလာတဲ့အချက်တွေကို နိုင်ငံတော်သမ္မတ အပါအဝင် လွှတ်တော်ဥက္ကဋ္ဌတွေ၊ ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင်နဲ့ ကမ္ဘာ့ကုလသမဂ္ဂအထိ တင်ပြသွားမယ်လို့ ဆိုပါတယ်။

အခုအစည်းအဝေးအတွက် အာဏာပိုင်တွေက လူပေါင်း ၃၅ဝ သာ ခွင့်ပြုထားခဲ့ပေမယ့် ဒေသတွင်းမြို့နယ်တွေက လူထု နှစ်ထောင်ကျော် ဒီကနေ့ တက်ရောက်ခဲ့ကြပါတယ်။ အာဏာပိုင်တွေဘက်က လုံခြုံရေးတွေချထားပြီး တစ်စုံတစ်ရာ နှောင့်ယှက်ဟန့်တားတာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

အဲဒီအစည်းဝေးပွဲကို တက်ရောက်နေတဲ့ ရခိုင်တိုင်းရင်သားများ တိုးတက်ရေးပါတီ RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုးကို ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (4)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

Today, we must affirm that our future will be determined by people like Chris Stevens, and not by his killers. Today, we must declare that this violence and intolerance has no place among our United Nations." said Obama

Sep 26, 2012 09:44 AM

minminsoe

နေရပ်- မြောက်ဦး

ကောင်းပါတယ် ဒီလိုလုပ်ပြီးမှ ပြည်သူတွေကို ကုလားရန်ကကာကွယ်ဖို့ တစံတရာလုပ်သင့်ပါတယ် ဒါမှမဟုတ်ဘူးဆိုရင် ကုလားတွေက အကန်အသတ်မရှိမြန်မာနိုင်
ငံထဲကိုဝင်လာနှိုင်တယ်။

Sep 26, 2012 08:41 AM

Tin Shwe

နေရပ်- Thai

As a arakaness I condemn this kind of rakhine racist gathering.There is no rohingya representative. it is shame for all of us.

Sep 25, 2012 06:24 PM

Nyg Chan

နေရပ်- RaThadaung

မေယုဒေသ မှာ အခုလဲ ရခိုင် နဲ့ ကုလား တွေ သီခြားစီ နေတာပဲ။ အချိန်ကုန်ပြီး အဓိပ္ပါယ် မရှိတဲ့ဟာ လုပ်မနေနဲ.။ နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲမှာလဲ ကုလား တွေရှေ့မှာ အရှက်တကွဲ ဖြစ်ရပြီး။ RNDP သတိနဲ့ နိုင်ငံရေး လုပ်ပါ။ RNDP နောက် လိုက်လျှင် ငါတို့ ရခိုင် ဒုက္ခ ရောက် တော့မည်လား။

Sep 25, 2012 01:58 PM