ရခိုင်တိုင်းရင်းသားတွေ မောင်တောမြို့မှာ နေထိုင်ဖို့ စိုးရိမ်နေ

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် မောင်တောမြို့ပေါ်မှာ နေထိုင်တဲ့ လူနည်းစု ရခိုင်တိုင်းရင်းသားတွေရဲ့ နေအိမ်တွေမှာ အိမ်ခြံမြေ ရောင်းချမယ့် ဆိုင်းဘုတ်တွေ အခု ရက်ပိုင်းအတွင်း တစတစ တိုးပွားများပြား လာနေရာမှာ မနေ့ကအထိ နေအိမ် တစ်ရာကျော် ရှိသွားပြီလို့ သိရပါတယ်။
2012-08-25
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

မောင်တောမြို့ တ၀ိုက်မှာ အခြေအနေတွေ ဆက်လက် တင်းမာနေဆဲဖြစ်ပြီး ရခိုင် တိုင်းရင်းသားတွေဟာ လုံခြုံမှုမရှိတဲ့ အခြေအနေကို စိုးရိမ်ကြောင့်ကြတဲ့အတွက် ရခိုင်ပြည်နယ်ထဲက နီးစပ်ရာ တခြားမြို့ရွာတွေမှာ ပြောင်းရွှေ့အခြေချနေထိုင်ဖို့ အခုလို အိမ်ခြံမြေ ပိုင်ဆိုင်မှုတွေကို ရောင်းချလာကြတာ ဖြစ်တယ်လို့ မောင်တောမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

"ဒီမှာရှိတဲ့ လူဦးရေ အတိုင်းအတာနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားတွေက အရမ်းအင်အားနည်းတဲ့ အတွက် တနေ့နေ့ တချိန်ချိန်ကျရင် ပြန်ပြီးတော့ အခုဖြစ်သွားတဲ့ အခြေအနေမျိုး ဖြစ်လာမှာကို စိုးရိမ်လာတာပေါ့။ အဲဒီအတွက် ဒီမှာမနေရဲဘဲ ပြောင်းရွေ့တဲ့ သဘောပေါ့"

မြန်မာနိုင်ငံရဲ့ အနောက်ဘက် ခြံစည်းရိုး တံခါးပေါက်တစ်ခု ဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့မှာ တစ်ဘက် နိုင်ငံကနေ ခေတ်အဆက်ဆက် တရားမဝင် အခြေချ နေထိုင်လာခဲ့သူတွေက ၉၇ ရာခိုင်နှုန်းအထိ ရှိနေပြီး ဒေသခံ ရခိုင် တိုင်းရင်းသားတွေကတော့ ၃ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Mhone Htoo Kham

နေရပ်- Mandalay

အမျိုးချစ်တယ်ဆိုတဲ့ မောင်မင်းကြီးသားများ အပြောလျှော့၊ လက်တွေ့ ဆော်တော့ဟေ့၊ ကြာရင် တရုတ်နဲ့ကလားပြည် ဖြစ်တော့မယ်...(ဖြစ်ကိုနေပါပြီ မယုံရင် Mandalay ကို လာကြည့်...ရခိုင်နဲ့တမူးကို သွားကြည့်)

Aug 30, 2012 12:00 PM

Shwe

yes it is a fake news ever against rohingya.there is no permission for rohingya even to buy 1 kg of rice.

Aug 28, 2012 04:30 PM

NO NO

နေရပ်- ROAD ROAD

Which means Muslims are still trying to overwhelm the Native people by Muslim population.

Aug 27, 2012 03:08 PM

أحمد‎ ʾaḥmad.

We want to move to islamic OIC countries such as Malaysia, Indonesia, etc. Burma is poor so we want to move to one of the islamic countries. So we request to stay in one of the islamic countries. If you agree and pity us, please give us AS CITIZENSHIP (or) PERMANANT. If OIC Muslim Countires don't accept our request, your OIC also hyposcrisy.

Aug 27, 2012 04:12 AM

မြန်မာ တိုင်းရင်းသူ

အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရောက်ရှိနေခြင်း၊ မသမာသောနည်းလမ်းများဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် အထူးစီမံချက်တစ်ရပ် ချမှတ်ဖော်ထုတ် အရေးယူဆောင်ရွက်ပေ:ရန်လိုတယ်

Aug 27, 2012 01:52 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.