ရခိုင်ပြည်နယ်အရေး ရသေ့တောင်မြို့နယ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ ပတ်သက်ပြီး ရခိုင်လူထု အေးအေးချမ်းချမ်း နေထိုင်နိုင်ရေးအတွက် မနေ့က ရသေ့တောင်မြို့မှာ မြို့နယ် ဂိုဏ်းပေါင်းစုံ သံဃာတော်တွေရဲ့ အစည်းအဝေး ကျင်းပခဲ့ပါတယ်။
2012-07-06
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

အဲဒီအစည်းအဝေးကနေ ဆုံးဖြတ်ချက် (၁၂) ချက် ချမှတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ရသေ့တောင်မြို့၊ စေတီယင်္ဂ ဆရာတော် အရှင်ဘဒ္ဒန္တပညာသာမိ က RFA ကို အခုလို မိန့်ကြားပါတယ်။

"ရသေ့တောင်မြို့ပေါ်နဲ့ ကျေးရွာများရှိ မိမိတို့၏ နေအိမ်များတွင် ဘင်္ဂါလီအလုပ်သမားတွေကို လုံးဝ အသုံးမပြုပါနဲ့ဆိုတဲ့ ဥစ္စာက လက်သမားလုပ်ငန်းတွေ၊ ပန်းရံလုပ်ငန်းတွေ၊ မြေတူး မြေသယ်လုပ်ငန်းတွေ အဲဒီလုပ်ငန်းတွေမှာ ဘင်္ဂါလီ ကုလားတွေကို အသုံးမပြုပါနဲ့ ဆိုတဲ့ အချက်တွေပါ"

အင်န်ဂျီအိုတွေကို ဒီမြို့နယ်အတွင်းက ရုပ်သိမ်းပေးဖို့ တောင်းဆိုရတာနဲ့ ပတ်သက်ပြီး ဆင်းရဲနွမ်းပါးတဲ့ဒဏ်ကို ခံစားနေရတဲ့ ရခိုင်တွေရှိပေမယ့် ရခိုင်လူမျိုးတွေကို ထောက်ပံ့ခြင်း မပြုဘဲ ဘင်္ဂါလီတွေကိုပဲ ထောက်ပံ့နေတဲ့ အတွက်ကြောင့် အန်ဂျီအိုတွေကို ရုပ်သိမ်းပေးဖို့အတွက် တောင်းဆိုရခြင်း ဖြစ်တယ်လို့ ဆရာတော်က ဆက်လက် မိန့်ကြားပါတယ်။

ဒါ့အပြင် ဂိုဏ်းပေါင်းစုံ သံဃာတော်တွေရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဘင်္ဂါလီကျေးရွာတွေကို ရခိုင် တိုင်းရင်းသားကျေးရွာတွေနဲ့ အနီးကပ်ပြီး မထားဖို့၊ ရခိုင် တိုင်းရင်းသား ကျေးရွာတွေရဲ့ ကြားမှာ မနေထိုင်စေဘဲ ဝေးကွာတဲ့ နေရာတွေမှာသာ နေရာချထားပေးဖို့၊ ဘင်္ဂါလီကျေးရွာနဲ့ ရခိုင်တိုင်းရင်းသား ကျေးရွာတွေအကြား လုံခြုံရေး အပြည့်အဝ ရရှိအောင် ဆောင်ရွက်ပေးဖို့၊ ရခိုင်ပြည်နယ် အတွင်း နေထိုင်တဲ့ ဘင်္ဂါလီတွေကို စိစစ်ပြီး နိုင်ငံသား စိစစ်ရေး သက်သေခံ မရှိသူတွေကို ရခိုင်ပြည်နယ် အတွင်းက ဖယ်ရှားပေးဖို့  စတဲ့အချက်တွေကိုလည်း သမ္မတ ဦးသိန်းစိန်ကို မကြာခင် တင်ပြ တောင်းဆိုသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

natyekam

နေရပ်- kyauktan

ဆရာတော်တွေရဲ့ ဆောင်ရွက်ချက်မှန်ပါတယ်။အစောကြီးထဲက
ဆောင်ရွက်သင့်နေဒါပါ။ထောက်ခံပါတယ်။ဘာသာ-သာသနာကို
ဒီလိုကာကွယ်ရမယ်။

Jul 07, 2012 09:26 AM

maung maung

နေရပ်- chicago

very good

Jul 07, 2012 04:19 AM

Hla Maung

Monk plans are very good. Thank you RFA.

Jul 07, 2012 02:49 AM