ဖမ်းဆီးထိန်းသိမ်းမှုတွေ ဥပဒေနဲ့အညီဖြစ်ရေး သံတွဲမြို့သံဃာအဖွဲ့ တောင်းဆို


2013.10.12
thandwe-riot-305.jpg သံတွဲပဋိပက္ခအတွင်း မီးရှို့ခံရသောအိမ်ကို အောက်တိုဘာလ ၃ ရက်နေ့က တွေ့ရစဉ်
photo: RFA/ Myo Zaw Ko

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖစ်ပွားခဲ့တဲ့ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးဖို့နဲ့ သံသယနဲ့ ဆက်လက်မဖမ်းဆီးဖို့ သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး လှမင်းနဲ့ ဒီနေ့တွေ့ဆုံပြီး တောင်းဆိုလိုက်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး လှမင်းနဲ့ ဒီနေ့ နေ့လည်ပိုင်းက တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ဝင် သံတွဲမြို့ ပုလဲရတနာကျောင်းတိုက် ဆရာတော် အရှင်ဣန္ဒာစာရက RFA ကို အခုလိုမိန့်ပါတယ်။

"ဆက်ပြီးတော့ သံသယနဲ့မဖမ်းဖို့ ဘုန်းဘုန်းတို့က တောင်းဆိုတယ်၊ ဖမ်းထားတဲ့လူတွေအပေါ်မှာ မြန်မြန် စစ်ဆေးပြီးတော့ အပြစ်မရှိတဲ့ပုဂ္ဂိုလ်တွေကို မြန်မြန်လွှတ်ပေးဖို့ တောင်းဆိုတော့ သူတို့က မြန်မြန်ဆောင်ရွက်ပေးပါမယ်လို့ ကတိပေးပါတယ်၊ ဖမ်းထားတဲ့အထဲမှာ လုံးဝအပြစ်မရှိတဲ့သူတွေ ပါနေကြတာကိုး၊ နောက်ပြီးတော့ ၁၇ ယောက်ကို ထောင်ပြောင်းတဲ့ကိစ္စကို လူထုကမကျေနပ်လို့ ဘုန်းဘုန်းတို့က ကြားကနေပြီးတော့ လူထုကျေနပ်အောင် ဆောင်ရွက်ပေးတာပါ”

သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးစောလှိုင်အပါအဝင် ၁၇ ဦးကို သံတွဲအကျဉ်းထောင်ကနေ ကျောက်ဖြူအကျဉ်းထောင်ကို အောက်တိုဘာလ ၁၁ ရက်နေ့က ပြောင်းရွှေ့လိုက်ပါတယ်။

သံတွဲမြို့နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းထားသူ ၇၈ ဦး ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။