ရခိုင်နှင့် မူဆလင်ခေါင်းဆောင်များ လူမျိုးစုနှင့် ပဋိပက္ခအရေး အလေးထားဆွေးနွေး

ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ပြုလုပ်တဲ့ (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးအပါအဝင် ရခိုင်နဲ့ မူဆလင် ခေါင်းဆောင်တွေက ရခိုင်ပြည်နယ်က တိုင်းရင်းသား လူမျိုးစုအရေးနဲ့ ပဋိပက္ခအရေးအတွက် အလေးထား ဆွေးနွေးခဲ့ကြပါတယ်။
2012-09-17
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
national-identity-citizenship-conf-b305
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ရ ရက်က ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်တွင် (၂၁) ရာစု မြန်မာနိုင်ငံ၏ အမျိုးသားရေး လက္ခဏာနှင့် နိုင်ငံသားဖြစ်ခွင့် ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပနေစဉ်။
RFA

(၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ အမျိုးသား လက္ခဏာ ကပ်ဆိုက်မှုဖြစ်ပြီး ဒီကိစ္စတွေကို ဖြေရှင်းဖို့အတွက် အများပါဝင်တဲ့ ဘုံအဖြေတစ်ခု ရှာဖွေတည်ဆောက်ဖို့ လိုအပ်တယ်လို့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

"လူမျိုးရေး ဘာသာရေးဆန်ဆန် ပဋိပက္ခဖြစ်နေတာတွေဟာ တကယ်တော့ Identity crisis လို့ပြောလို့ရပါတယ်။ ကျွန်တော်တို့အားလုံးက Citizen rights ဆိုတာကို အခြေခံအကျဆုံး ကျွန်တော်တို့ရဲ့ Common ground အဖြစ်နဲ့ရှာပြီးတော့ National identity, ကျွန်တော်တို့ရဲ့ common character ကိုကျွန်တော်တို့ ရှာဖွေတည်ဆောက်နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Nation building ဟာ ချောချောမွေ့မွေ့နဲ့ အဆင်ပြေလာလိမ့်မယ်လို့ ယုံကြည်ပါတယ်"

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်အမျိုးသားတွေရဲ့ သဘောထားအမြင်တွေကို တင်ပြခဲ့သလို မူဆလင် ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာမြင့်သိန်းနဲ့ ဦးကျော်ဝင်းတို့ကလည်း မူဆလင်ဘာသာဝင်တွေရဲ့ သဘောထား အမြင်တွေကို ဆွေးနွေးတင်ပြကြပါတယ်။

ဦးဆောင် ဆွေးနွေးသူ တစ်ဦးဖြစ်တဲ့ ဦးသူရ (ခေါ်) အနုပညာရှင် ဇာဂနာကလည်း မြန်မာလူမျိုးတွေရဲ့ အမျိုးသားရေး လက္ခဏာကိစ္စတွေကို အလေးထားဆွေးနွေးခဲ့တယ်လို့ RFA ကို ပြောပါတယ်။

"နမူနာပြောတာပေါ့။ နိုင်ငံသားကတ်မှာ ဗမာမူဆလင်လို့ ရေးတာမျိုး၊ တချို့ဆိုရင် ရခိုင် ခရစ်ယာန်လို့ရေးတာမျိုး၊ ကရင်ခရစ်ယာန်လို့ရေးတာမျိုး ဒါတွေလိုသလား။ ဒါတွေကခွဲခြားနေသလိုပဲ။ နိုင်ငံသားဆိုတာ နိုင်ငံသားပဲ။ သူ့ကိုမွေးတဲ့ဒေသလို့ပါလာရင် တော်ပြီပေါ့။ အဲဒီလိုမျိုးဖြစ်တဲ့ ကိစ္စတွေကို ကျွန်တော်အဓိကထား ဆွေးနွေးတာပါ။ ဒါဟာနိုင်ငံသားဖြစ်တဲ့ ကတ်မှာကိုက ပြဿနာဖြစ်နေပြီလေ။ ဆိုတော့ကျွန်တော်တို့က National Identity ဆိုတာကို ချစ်ပါတယ်။ လိုလည်း လိုချင်ပါတယ်။ ဒီဟာမျိုးတွေက အရေးကြီးပြီ။ ပြန်ဖော်ထုတ်ဖို့လိုပြီ။ သို့မဟုတ် ပျောက်နေရင် ပြန်ဖော်ထုတ်ရမယ်။ မရှိသေးရင် ရှိတာတွေကို ညှိယူရမယ်။ တိုင်းရင်းသားအားလုံးနဲ့ ဆိုတာမျိုးကို ကျွန်တော်တို့ ပြောရဆိုရ ဆွေးနွေးရ ငြင်းလည်း ငြင်းရတယ်ဗျ။ ပျော်စရာကောင်းပါတယ်။ တစ်ခုတော့ အဖြေထွက်လာလိမ့်မယ်လို့ ထင်ပါတယ်"

ဒီဆွေးနွေးပွဲကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်း တက်ရောက်ခဲ့ပြီး၊ စာရေးဆရာ ဦးကျော်ဝင်း၊ ကယန်းပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးစောထွန်းအောင်မြင့်၊ ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ လူမှုရေးရေးရာ ကိစ္စတွေ ပါဝင်ဆောင်ရွက်နေသူ ဦးအောင်ကိုကိုတို့လည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

AgMg

Ko Nyi , You are thinking in mercy, good thinking. But, This thinkink had been already practicing by Rakhine people. Invaders are never thinking that their situation as refugee instead they are host or masters. Actual host of Rakhine are their servent as they thinking, treating and conquering. They are following their pioneers ways to longtern occupying way like Bangali, Malaysia, Armania, Indonesia, Georgia,and alot of Muslimization countries, Still in Philippine. May be you are Muslim or Rohinja.

Sep 27, 2012 12:46 PM

Ko Nyi

နေရပ်- Yangon

Please Understand most of our young men nationalities working in Muslim country such as Malaysia, Indonesia, Brunei, Dubai, Bahrain, Qatar etc. if we think, Rakhine Muslim need to go back or we force them to go back, where they have to go? They lived in Rakhine thousand years ago. If Muslim country force our people to return, how will we feel? if you continue saying same things, you are definitely military man or U Nay Win man, because you never look our young men working in Muslim country and you don't need to work for money, somebody sure support your income.

Sep 24, 2012 01:50 PM

Old Myoma Students

Every Buddhist people in Myanmar and Muslim people in Myanmar are friends. Although population of Buddhism are 89% and population of Muslim are 4% in Myanmar, Buddhist people never OPPRESS to Muslim people. By the way, patience is good. Love is patience. But patience has its limits. Illegal terrorists Bengali MUST DEPORT from Burma (Myanmar) if they have no birth certificate, no document, no pedigree chart (aleast 4 generation: birth record, death record, address in Burma, etc)!!!!!!!!!!! PLEASE OBEY THE BURMA CITIZENSHIP LAW 1982.

Sep 22, 2012 05:07 AM

(

Ko Ko Gyi is a Bogyoke Aung San like true leader of Burma and we are very encouraged to have brave and wise leader like him. To be a Burmese citizen is not that easy so does to be any citizen in every country. Bengali Rohingya go back your home!!!!!! Leaders should be honest and brave. We congratulate to your all commission members!!!!!

Sep 21, 2012 10:52 AM

Ismail Md Ali

How to fact finding the commission and how to believe? The atrocities, looting, arbitrary extortion of money, killing and forced labouring continue there in Maungdaw and a brother kyaw win နေရပ်- kyauk taw writes they trapped their own villages without foods and medicines. I especially my self urging to the Ko Ko Gyi and all the member of fact finding commission, please do help immediately to needy innocent peoples around Rakhine state and safe their lives. Thank you

Sep 20, 2012 01:42 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.