မြောက်ဦးလူထု အာဏာပိုင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဒု ဥက္ကဋ္ဌ ဖြစ်သူ ဦးအေးမောင်သန်းနဲ့ ပါတီဝင်တစ်ဦးဖြစ်သူ ဦးဘတင်တို့ကို မနေ့က ဇွန်လ (၁၂) ရက်နေ့ ညနေပိုင်းက စစ်တပ်နဲ့ ရဲက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုကြတဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
2012-07-12
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဖမ်းဆီးခံရသူ (၂) ဦးက မြောက်ဦးမြို့၊ ကျောက်ရစ်ကေ ရပ်ကွက်ရှိ ဦးကျော်ဝင်း ဆန်စက်ကို သွားရောက်ပြီး ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်လူမျိုးတွေ ပဋိပက္ခတွေ ဖြစ်နေတဲ့ကာလမို့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို စပါးကြိတ်မပေးဖို့ ပြောဆိုခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဆန်စက်ပိုင်ရှင်က စစ်တပ် အာဏာပိုင်တွေဆီ သွားတိုင်တဲ့အတွက် စစ်တပ်နဲ့ ရဲက လာရောက် ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မြို့နယ် ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးထွန်းလှိုင်က RFA ကို ပြောပါတယ်။

ပါတီဒု ဥက္ကဋ္ဌ ဦးအေးမောင်သန်းနဲ့ ပါတီဝင် ဦးဘတင် တို့ကို စစ်တပ်နဲ့ ရဲက နေအိမ်ကနေ ဖမ်းဆီးနေဆဲ ကာလမှာ မြောက်ဦးမြို့လယ်၊ တောင်ရပ်လေးခွဆုံ အနီးမှာ မြို့ခံ လူထု ၃ - ၄ ရာ လောက်က လှုပ်ရွ အုံကြွလာခဲ့ရာ၊ စစ်သား(၂၀)လောက် ရောက်ရှိလာပြီး သေနတ်တွေ အသင့်ပြင်တဲ့ အနေအထားမျိုး ရောက်တော့မှ လူစုကွဲ သွားခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီနောက် မြို့ခံလူစုဟာ မြောက်ဦးမြို့ပြင်မှာ တည်ရှိတဲ့ နာရေးကူညီမှု အသင်းရုံးအနီးမှာ ပြန်လည်စုရုံးခဲ့ကြပြီး ဖမ်းဆီးထားသူ ၂ ဦးကို ထိန်းသိမ်းထားတဲ့ မြို့နယ် ရဲစခန်းရှေ့ကို ဆက်လက် ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဦးအေးမောင်သန်းနဲ့ ဦးဘတင်တို့ကိုတော့ ပါတီတာဝန်ရှိသူတွေ၊ မြို့ပေါ် ရဟန်းသံဃာတွေ၊ မြို့မိမြို့ဖတွေနဲ့ ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီးနောက် ည ၈ နာရီ ၁၅ မိနစ်မှာ အာဏာပိုင်တွေက ပြန်လွှတ် ပေးခဲ့တယ်လို့ သိရပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

iitcm

နေရပ်- Kuala Lumpur

See buddy both side I am not from militry side and neither from Rakhine side. if the problem come, which is come from? did you think before you said, we love our people, I am burmese and buddhism, but we should not support who is wrong eventhough who is our same religion and race. we must see bothe side, then only it's fair if the problem is coming out. we wnat our count to be PEACE and DEVELOPMENT. so let us change our mind and atttude. It's time to change Myanmar. let be fair and May Buddha bless Myanmar. Have a nice day buddy.

Jul 14, 2012 01:01 AM

-

နေရပ်- -

အမျိုးသားသစ္စာဖေါက်နှင့် ကုလားကာကွယ်ရေးတပ်မတော်(ငွေဖြင့်ခိုင်းလျှင် ဘာမဆိုလုပ်မယ့်စစ်တပ်)

Jul 12, 2012 09:37 PM