ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ အတွက် အကူအညီ လိုအပ်နေ

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေကို ထောက်ပံ့ကူညီဖို့  ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ က စီစဉ်နေပြီး ဒုက္ခသည် စခန်းတွေ အတွက် ရေသန့်၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အပြင် အမိုးအကာ စသဖြင့် အရေးပေါ် အကူအညီတွေ အထူး လိုအပ်နေတယ်လို့  ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ ဝင် ကိုစိုးထွန်းက ပြောပါတယ်။
2012-06-16
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
rakhine-riot-camp-b305
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတွင် ခိုလှုံနေကြသော ဒုက္ခသည်များ
RFA

"ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေကလည်း ဖြေးဖြေးနဲ့ ထောင်ချီရာကနေ သောင်းချီလာပြီ။ ကျွန်တော်တို့အနေနဲ့ လူမျိုးမရွေး ဘာသာမရွေး ဒုက္ခရောက်လာတဲ့သူတွေကို ကူညီဖို့ ကျွန်တော်တို့ အဆင့်သင့်ရှိတယ်။ ဒီလူတွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်။ လူသားချင်းကိုယ်ချင်းစာတဲ့စိတ်တွေနဲ့ သွားရောက်ကူဖို့ အတွက်ကို အလှူခံခြင်း ဖြစ်ပါတယ်။ အလှူငွေအလုံအလောက်ရတာနဲ့ သွားဖို့ပြင်ဆင်မှာပါ။ အလှူရှင်တွေက လှူနိုင်တဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ လက်သင့်ခံတာ မခံတာမျိုး မရှိပါဘူး။ အ၀တ်အစား၊ ဆေးဝါးပေါ့နော်။ လူတွေက တကယ့်ကို ဆင်းရဲချို့တဲ့ကြတယ်။ စားဝတနေရေးကြပ်တည်းတာလည်း ကြည့်ရတယ်။ အဲဒီတော့ အခုလို ဘေးဒုက္ခရောက်နေတဲ့ အချိန်မှာ ကူညီကြဖို့ ပြည်ပရောက်နေတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေရော နိုင်ငံအသီးသီးကပေါ့။ စေတနာရှင်တွေ ၀ိုင်းဝန်း လှူဒါန်းကြပါလို့ ကျွန်တော်တို့ အနေနဲ့ တလေးတစားနဲ့ ဖိတ်ခေါ်ပါတယ်။"
မိမိတို့ သွားရောက်ခဲ့တဲ့ နယ်တွေကိုလည်း ချိတ်ဆက်ထားပြီး အလှူငွေတွေ လက်ခံသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

အခု အချိန်မှာ စစ်တွေမြို့နဲ့ မောင်တောမြို့တွေမှာ အခြေအနေတွေ တည်ငြိမ်လာနေပြီ ဖြစ်ပြီး  ကယ်ဆယ်ရေး စခန်းတွေမှာ လောလောဆယ် အထိ ဒုက္ခသည် ဦးရေ လေးသောင်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

ဒုက္ခသည်တွေအတွက် နိုင်ငံရေးပါတီတွေ၊  လူမှုအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက အလှုရှင်က အကူအညီ အထောက် အပံ့တွေ ပေးနေကြောင်းလည်း သိရပါတယ်။   

ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောဒေသတွေမှာ ဒုက္ခသည်တွေ အတွက် အကူအညီတွေ လိုအပ် နေတဲ့ အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်