ကျောက်ဖြူမြို့က အကြမ်းဖက်မှုတွေမှာဆိုရင် ကမန် မူဆလင်တွေကို ဒေသခံတွေက တိုက်ခိုက်မှုမှာ အစိုးရ လုံခြုံရေးတပ်တွေက ကာကွယ်တားဆီးမှု ပျက်ကွက်ခဲ့တယ်လို့ HRW အဖွဲ့က ထုတ်ပြန်ချက်ကို အေအက်ဖ်ပီ သတင်းဌာနက ရေးသားထားပါတယ်။
ရခိုင်ပြည်နယ်က အကြမ်းဖက်မှုမှာ မီးလောင်ပျက်စီးသွားတဲ့ မူဆလင် ရိုဟင်ဂျာတွေ အများစု နေထိုင်တဲ့ ကျေးရွာအတော်များများရဲ့ ဓါတ်ပုံတွေကို ဂြိုလ်တုကနေတဆင့် ရိုက်ကူးယူထားတာကိုလည်း HRW အဖွဲ့က ဖေါ်ပြထားကြောင်း HRW အဖွဲ့ရဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။
တစ်ချိန်တည်းမှာလည်း သမ္မတ အိုဘားမား သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ ရခိုင်ပြည်နယ် အရေးကိစ္စကို ထည့်သွင်းဆွေးနွေးပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
HRW အဖွဲ့ရဲ့ ကြေငြာချက်နဲ့ ပတ်သက်ပြီး အာရှဒေသဆိုင်ရာ အကြီးအကဲတစ်ဦးဖြစ်တဲ့ Phil Robertson ကို ဆက်သွယ်မေးမြန်းထားတာကို RFA ၀ိုင်းတော်သား ဦးဝင်းနိုင် တင်ပြထားပါတယ်။
| အသံဖိုင်နားထောင်ရန် |
|
| အသံဖိုင်ယူရန်။ |