ရခိုင်ပြည်နယ်ကို ကုလ-ငြိမ်းချမ်းရေးတပ် စေလွှတ်ဖို့ အီရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ အီရန်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။
2012-07-22
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
iran-parliament-b305
၂၀၁၂ ခုနှစ် မေလ ၂၇ ရက်က အီရန်ပါလီမန်၌ လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။
AFP PHOTO/ATTA KENARE

ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာဝင်အပေါ် လူမျိုးတုံး ဖိနှိပ် သတ်ဖြတ်နေတာတွေ ရပ်ဆိုင်းနိုင်ရေး အတွက်လို့ ဆိုပါတယ်။

အမေရိကန် အခြေစိုက် AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မူဆလင်တွေဟာ အဓိကပစ်မှတ် ဖြစ်နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ အစိုးရကတော့ အဲဒီ ပြောဆိုချက်တွေအပေါ် အခြေအမြစ် မရှိတဲ့ တစ်ဘက်သတ် လိုရာဆွဲ စွပ်စွဲချက်တွေအဖြစ် လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အစိုးရ ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းမြိုင်ကလည်း ဒီပြောဆိုချက်တွေဟာ လက်တွေ့ ဖြစ်နေတာတွေနဲ့ လုံးဝ ဥဿုံ ပြောင်းပြန် ဖြစ်နေကြောင်း၊ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ အေးချမ်း ငြိမ်သက်နေပြီ ဖြစ်ကြောင်း အေပီသတင်းကို ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ AI နဲ့ The Arakan Project စတဲ့ အဖွဲ့တွေက အခြေအနေ အေးချမ်းသွားပြီ ဆိုပေမဲ့ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး နောက်ပိုင်း ရိုဟင်ဂျာ မူဆလင် အများအပြားကို အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ထင်သလို ဖမ်းဆီး ချုပ်နှောင်ခဲ့တာတွေ၊ တချို့နေရာတွေမှာ ရိုက်နှက် သတ်ဖြတ်တာတွေ ရှိခဲ့ကြောင်း ပြောဆိုပါတယ်။

ဒါပေမဲ့ အဇာဘိုင်ဂျန်နိုင်ငံ အခြေစိုက် Trend သတင်းဌာနကတော့ အဲဒီနေရာတွေကို သတင်းထောက်တွေ မသွားရောက်နိုင်တာကြောင့် ဒီသတင်းတွေကို အတည်ပြုဖို့ ခက်ခဲကြောင်း၊ တချို့ရိုဟင်ဂျာ မူဆလင်တွေ အဖမ်းဆီးခံရတာဟာ အကြမ်းဖက်မှုနဲ့ဆက်နွယ်နေကြောင်း၊ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရခိုင် တိုင်းရင်းသား တချို့လည်း ဖမ်းဆီးခံရတယ်လို့ The Arakan Project ကလည်း ပြောဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

U Thant Zin

နေရပ်- Yangon

Muslims are dying, killing each others themselves, in violent death all over the world, every day, such as in Iraq, Arfaganistan, Pakistan, Libya, Sereiya, and so on...
Is it all-right? Why? You should think reasonably.
You will reap as you sow!
May all beings be peaceful and free from all dangers.

Jul 30, 2012 09:40 AM

win

နေရပ်- yangon

First , your country must be revolution human right . If you want to help for UN you must be think about your country situations because your also have cruel humanitarianism . Be careful yourself and help for your nation and your nationality.Your government must be kind to your people.

Jul 27, 2012 04:27 PM

ကိုလတ်ထွန်း

နေရပ်- မောင်တော

စစ်တွေမြို့ရှိ ပြည်ပသတင်းထောက်များကို မောင်တောနယ်စပ်သို့
စေလွှတ်ကာ သတင်းရင်းမြစ်အတိအကျကို ရယူသင့်ပါသည်။
ထို့သို့မဟုတ်ပါက မောင်တောနယ်စပ်တွင် ပြည်တွင်းသတင်းမီဒီယာမှ သတင်းထောက်နှစ်ဦးရှိပါသည်။ လိုအပ်ပါက သတင်းအတွက် အတည်ပြုချက်များရယူရန် ဖိတ်ခေါ်ပါသည်။ ဖုန်း 01758799691-09421732670

Jul 24, 2012 10:19 AM

moejoo

နေရပ်- frankfurt

roinger is not my people.if iran want to take
care rohinger.send to all of rohinger to iran

Jul 23, 2012 11:24 PM

အမည်မဖော်လိုသူ

James , I don't criticise your comment because you don't know, and suffer from the trouble of Illegal Bangali's insultance in al around the Burma. They attack even country military by backing terrorist groups, went to Thai Malaysia border and became Insurgent. Also went to the region of islands of Phillipine, Malaysia and Indonesia border. They took insurgent duty to act as Osman religious Army in Amanian.

Jul 28, 2012 02:43 AM

James

နေရပ်- London

I am surprised to read your comments that how racist and zionists you guys are !!!!

Jul 23, 2012 02:17 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.