ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ကြေညာချက် ထုတ်ပြန်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့အပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆောင်ရွက်ပုံတွေမှာ ဘာသာရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပါဝင် ပတ်သက်လာနေတဲ့ သတင်းတွေ ကြားသိနေရတဲ့ အတွက် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay က မနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2012-07-27
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
navi_pillay_office_305_z.jpg
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စ နာဗီ ပီလေးသည် တောင်အာဖရိကနိုင်ငံသူ ရှေ့နေတဦးဖြစ်ပြီး နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)နှင့် ရဝမ်ဒါဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးများတွင် တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ (Photo: AFP)
(Photo: AFP)

ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကြားက ပဋိပက္ခမှာ လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်ပတ်သက်နေတဲ့အပြင် တချို့နေရာတွေမှာ လှုံ့ဆော်တာတွေ ပါရှိနေကြောင်း လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေဆီက ကြားသိနေရကြောင်း၊ ရပ်ရွာတွင်း ပဋိပက္ခကို ရပ်တန့်အောင် ဟန့်တားတာကနေ မူဆလင်တွေကို ပစ်မှတ်ထား ဖြိုခွဲတဲ့အသွင်ကို ဆောင်လာတဲ့ သတင်းတွေ ရရှိနေကြောင်း၊ ဒီလုပ်ရပ်တွေကို တားဆီးဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း၊ အခု လတ်တလော ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားကို ဖိတ်ခေါ်လိုက်တဲ့အပေါ် ကြိုဆိုပေမဲ့ ဒါဟာ လွတ်လပ် ပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုကို အစားထိုးလိုက်တဲ့ အဓိပ္ပာယ် မဟုတ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay က ပြောဆိုပါတယ်။

ဒီအတွင်း ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် နေရာ ရွှေ့ပြောင်းကြ ရသူပေါင်း (၈) သောင်းလောက်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောဆိုပါတယ်။

ဒုက္ခသည် သုံးသောင်းကျော် ဟာ UNHCR ရဲ့  အရေးပေါ် ထောက်ပံ့မှုတွေ ရရှိနေပြီး ဒုက္ခသည် စခန်းတွေမှာ အစိုးရက နေထိုင်စရာ အမိုးအကာတွေ စတင် ဆောက်လုပ်ပေးနေကြောင်း ပြောပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

နင်တို့ ကုလသမဂ္ဂကို နာမည်ပြောင်းလိုက်တော့ ကုလားသမဂ္ဂလို့  ဒါပဲ ပြောချင်တယ်။

Aug 06, 2012 01:35 AM

Maung Than

နေရပ်- Singapore

UN role was terribly down internationally due to lack of judgements on events, bias and halting
necessary action by conflicting of super powers.

Aug 02, 2012 04:00 AM

U Thant Zin

နေရပ်- Yangon

Some developed Big Countries including UN organizations are fighting against Terrorism in their own countries. But they are encouraging Terrorism in Myanmar, less developed country, labeling Human Right without sympathy. If you sympathize on Rohingya, please take all of them to your countries to be your citizens in accord with Internal Laws.

Aug 01, 2012 04:32 AM

အမည်မဖော်လိုသူ

very good comment.

Aug 03, 2012 01:00 AM

အမည်မဖော်လိုသူ

Read the histroy of Burma. Look for the reality, but not by listening international media brocasting lies in the air and television. This is about Immigration issue, illegal Bangali entering Burma. We have our own problem in Buram. Why the rest of world given pressure our Government to take responsible for Illegal Immigrants Bengali. You all should be fair. We have 60 millions our own Burmese to look after. There is no way we should take Rohinga Bangali as our own people.

Jul 30, 2012 12:18 PM

aung kyaw

နေရပ်- kpu

လူ့အခွင့်ရေးမင်းကြီး ခင်ဗျာ
ရိုဟင်ဂျာ ကလဲ အစကထဲက ဒီ နိုင်ငံသားမှ မဟုတ်တာ။
ဒီကိတ်စ ကလဲ လူ့အခွင့်အရေးနဲ့ ဆိုင်ပါတယ် ။ ဌာနတိုင်းမှာ ရှိနေတာ
တပ်က ပြောင်းခါ တဆင့် တိုးပေးတယ် ဒီဖက်ဌာနေ၇ာက်တော့ လဲ တဆင့်တိုးတယ် (ငွေလုံ့းငွေ ရင်းသိန်းရာချီ ထုတ်ပေးတယ်း ။ပင်စင်လစာ ပေးတယ် )အဲဒါ ဆိုရင် ပင်စင်စားပဲဖြစ် သင့်တယ်။
ဒီဖက် ကျတော့ လဲ အကိုကြီးညီ လေးနဲ့ ခန နေ ရာထူး တွေ တိုးပေးလုပ်ကြတယ် ။ တကယ် လုပ် နေတဲ့ ပညာ ၇ှင် တွေ ဘာမှ မတတ် တဲ့ ကောင်တွေ လို ဆက် ဆံ ကြ ပြန်ေ၇ာ ဗျာ
အားလုံးသိအောာင် ပြော ပြ ပေးပါ

Jul 30, 2012 06:45 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.