ဘင်္ဂါလီလို့ပဲ လက်ခံမှာဖြစ်ကြောင်း စစ်တွေမြို့ခံတွေ ပြောကြား

2016-07-01
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အစိုးရရဲ့ အသုံးအနှုန်းသစ်ကို ကန့်ကွက်တဲ့အနေနဲ့ စာရွက်ကပ်တဲ့လှုပ်ရှားမှု ပြုလုပ်စဉ်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အစိုးရရဲ့ အသုံးအနှုန်းသစ်ကို ကန့်ကွက်တဲ့အနေနဲ့ စာရွက်ကပ်တဲ့လှုပ်ရှားမှု ပြုလုပ်စဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်က မွတ်စလင်တွေကို "ဘင်္ဂါလီ" ဆိုတဲ့ အသုံးအနှုန်းကလွဲပြီး အခြားဘယ်အသုံးအနှုန်းကိုမှ လက်ခံမှာမဟုတ်ဘူးလို့ စစ်တွေမြို့ခံတွေ၊ သံဃာတော်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက စာထုတ်ပြန် လိုက်ပါတယ်။

သူတို့တောင်းဆိုချက်တွေကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ဆီကို ဒီနေ့ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ကြောင်း စာပေးပို့ရာမှာပါဝင်သူ တစ်ဦးဖြစ်တဲ့ ဦးအောင်ဌေးကပြောပါတယ်။

"ကျနော်တို့ ရခိုင်ပြည်မှာရှိတဲ့ ရခိုင်လူမျိုးတွေကို မွတ်စလင်ဘာသာရယ်၊ ဗုဒ္ဓဘာသာရယ် ဆိုပြီးတော့ နှစ်မျိုးလုံးရှိတဲ့ပုံစံမျိုး ဖော်ပြသလိုဖြစ်နေတယ်၊ အဲ့လိုဖော်ပြလိုက်ခြင်းအားဖြင့် ကျနော်တို့ ရခိုင်လူမျိုးတွေ၊ ရခိုင်နာမည်ဟာ ပျောက်သွားမယ့်အခြေအနေ ဖြစ်နေတယ်ခင်ဗျ၊ အဲ့ဒီတော့ အိတ်ဖွင့် စာပေးပို့လိုက်ရတဲ့အတွက် နိုင်ငံတော်သမ္မတ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေကလည်း ရခိုင်ပြည်ရဲ့ ပထဝီအနေအထား၊ ရခိုင်ပြည်ရဲ့သမိုင်းတွေကို လေ့လာပြီးတော့ နားလည်သဘောပေါက်စေချင်တဲ့ ဆန္ဒလည်းပါပါတယ်ခင်ဗျ"

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာ ကိုယ်စားလှယ်က "ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်း"လို့ သုံးနှုန်းဖို့ တင်ပြထားပါတယ်။

ရခိုင်လူမျိုးတွေအနေနဲ့ အဲဒီအသုံးအနှုန်းကို လုံးဝလက်မခံဘဲ ကန့်ကွက်ကြောင်းလည်း ပါရှိပါတယ်။

အစိုးရရဲ့ အဲ့ဒီအသုံးအနှုန်းသစ်တွေကို ကန့်ကွက်တဲ့အနေနဲ့ စစ်တွေမြို့မှာရှိတဲ့ နေအိမ်တွေနဲ့ လမ်းတွေမှာ စာရွက်ကပ်လှုပ်ရှားမှုကို မနေ့က စတင်ပြီးဆောင်ရွက်နေကြသလို လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာလည်း ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုစလုံးမှာ ကန့်ကွက်ဆန္ဒပြပွဲတွေကို တပြိုင်တည်းဆောင်ရွက်သွားဖို့ ပြင်ဆင်နေကြ ပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

သဘမ = သဘောမှန်

" ရခိုင်နာမည်ဟာ ပျောက်သွားမယ့်အခြေအနေ
ဖြစ်နေတယ်ခင်ဗျ၊ " ..
ဒါကတော့ (နိုင်ငံရေး ထိုးဆွချက်) သက်သက်ပါ။
ရခိုင်လူမျိုး တမျိုးလုံးရဲ့ အာဘော် လုံးဝ မဖြစ်နိုင် ပါဘူး။
လူမျိုးတမျိုးရဲ့ အမည် ပျောက်သွားတာဟာ အဲဒီ လူမျိုး က ကိုယ့်အမျိုးကို ကိုယ် မထိန်းသိမ်း ၊ မစောင့်ရှောက်လို့ပါ။
ဥပမာ - BURMA ကို MYANMAR လို့ ခေါ်လိုက်လို့
မြန်မာနိုင်ငံက ( ကျယ်လာ / ကျုံ့သွား) မဖြစ်
သလို ၊ ဧရာဝတီမြစ်ကြီး က တောင် နေ မြောက်ကို
ပြန်စီး မသွားပါဘူး။

Jul 02, 2016 10:22 PM

အမည်မဖော်လိုသူ

ရခိုင် ကို ရခိုင်လို့ မခေါ်ဘူး လို့ ဘယ်သူကပြောနေလို့ လဲ။ အလကား အကျယ်ချဲ့ နေတော့ ပြည်နယ် ဖွံ့ ဖြိုးရေး လုပ်ရတာ နောက်ကျတာပေါ့။ ဒါကြောင့် လုပ်ငန်းလာလုပ်ကြတဲ့ နိုင်ငံခြားသားတွေက ပြောတာ။ မင်းတို့ နိုင်ငံ ဟာ အလုပ်အမြန်ဘယ်လိုလုပ်ရမယ်ဆိုတာ မကြိုးစာပဲနဲ့  နံမည် ဘယ်လိုမှဲ့ မယ် အောင်သပြေ နဲ့  ရေလောင်းပွဲ ဘယ်လိုလုပ်ကြမယ် ဆိုတာနဲ့ အချိန်ကုန်နေတာ စိတ်ပျက်ဘို့ ကောင်းတယ်လို့ ပြောကြတာ။

Jul 01, 2016 08:45 PM

အမည်မဖော်လိုသူ

Please remember that Burma is bigger than Sittwe. Please try to see the bigger picture of who we are. The more you analyze the more you will be caught up by your own emotions which create the predicament of life for yourself. Just trust in the process of peace making led by the NLD government. All will well.

Jul 01, 2016 01:19 PM

ဆိုက်တခုလုံးသို့