၁၉၈၂ နိုင်ငံသားဥပဒေကို အကောင်ထည်ဖော်ဖို့ ရခိုင်ရဟန်းတော်များတိုက်တွန်း


2014.06.04
monk-305 ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ အနာဂတ်အရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲကို ဇွန်လ ၃ ရက်နေ့က ရဟန်းတော်များအဖွဲ့ဟာ စစ်တွေမြို့ မြို့မဘုန်းကြီးကျောင်း မှာ ပြုလုပ်ကျင်းပနေစဉ်
Photo: Min Thein Aung / RFA

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ရခိုင်တိုင်းရင်း သားတွေနဲ့ မွတ်စလင်တွေအကြား ပြဿနာတွေကို ဖြေ ရှင်းနိုင်ဖို့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို အစိုးရက အမြန်ဆုံး အကောင်အထည်ဖော် ဆောင် ရွက်သင့်ကြောင်း စစ်တွေမြို့မှာ ကျင်းပနေတဲ့ ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လုံးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ ညီလာခံကနေ တိုက်တွန်းလိုက် ပါတယ်။

ဆွေးနွေးပွဲနောက်ဆုံးနေ့မှာ အစိုးရကို တိုက်တွန်းတောင်းဆိုဖို့ ဆုံးဖြတ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ နာယက ဆရာတော် အရှင်စန္ဒဝရက မိန့်ကြားပါတယ်။

"ဦးဇင်းတို့ ဆုံးဖြတ်ချက်ကတော့ ၁၂ ချက်လောက် ရှိတယ်ပေါ့နော်၊ အဲဒီမှာ အစိုးရကိုတောင်းဆိုဖို့ အချက် ၄ ခု ပါတယ်၊ ၁၉၈၂ ဥပဒေ အမြန်ဆုံး ဖော်ဆောင်ပေးဖို့၊ ရခိုင်ပြည်နယ်မြေဒေသ လုံခြုံမှုရှိအောင် စောင့်ရှောက်ပေး ဖို့ တောင်းဆိုမယ်ဆိုပြီး ဆုံးဖြတ်ကြတယ်"

ဒါ့အပြင် မောင်တောနယ်စပ်ဒေသကို လုံခြုံအောင်ဆောင်ရွက်ရေး တောင်းဆိုချက်ကိုလည်း သံဃာတော်တွေ လက်မှတ်စုပေါင်းရေးထိုးပြီး အစိုးရကို ပေးပို့တောင်းဆိုသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြို့နယ်အဆင့် စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ကို ပြည်နယ်အဆင့်ထိ တိုးချဲ့ဖွဲ့စည်းသွားမယ်လို့လည်း ဒီနေ့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။  စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း ဖွဲ့စည်းထားတဲ့ သံဃာ့အဖွဲ့အစည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။