ရခိုင်အရေးမှာ နိုင်ငံတော်မူဝါဒ ပြတ်သားစွာ ချမှတ်ရန်လို

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော် အစိုးရရဲ့တိကျပြတ်သားတဲ့ မူဝါဒကို ထင်သာမြင်သာရှိအောင် ပြည်သူလူထုကို ချပြရမှာဖြစ်တယ်လို့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့က မနေ့က နေ့စွဲနဲ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။
2012-11-08
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
rakhine-riot-camp-b305
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတွင် ခိုလှုံနေကြသော ဒုက္ခသည်များ
RFA

၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအပါအဝင် ရခိုင်ပြည်နယ် အရေးကိစ္စကို အစိုးရက ဘယ်လို ကိုင်တွယ် ဖြေရှင်းမယ်ဆိုတာလူထုကို ရှင်းရှင်းလင်းလင်း အသိပေးသင့်တယ်လို့ ကြေငြာချက်မှာ တိုက်တွန်း လိုက်ပါတယ်။

ဒါ့အပြင် “ပြည်ထောင်စုဘွား ဌာနေတိုင်းရင်းသား” ရခိုင်လူမျိုးတွေရဲ့ စိုးရိမ်ပူပန် ကြောင့်ကြမူတွေကိုပါ အသိအမှတ် ပြုရမှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
ဥပဒေ ချိုးဖေါက်သူ လူ့အခွင့်အရေး ချိုးဖေါက်သူတွေကို မှန်မှန်ကန်ကန် စစ်ဆေး အရေးယူတာတွေ ပြုလုပ်သလို အဲဒီလို လုပ်ဆောင်ချက်တွေကိုလည်း ပြည်သူကို ပွင့်လင်း မြင်သာစွာ အသိပေးသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ခုလုံးမှာ တာဝန်ရှိပြီး ဥပဒေနဲ့ အညီတာဝန်ခံမူရှိရမှာဖြစ်တယ်လို့ ဆိုပါတယ်။ နယ်စပ် ဖြတ်ကျော်မူတွေကို နှစ်နိုင်ငံလုံးက စနစ်တကျ လုံလုံခြုံခြုံ ကာကွယ်ဘို့ အထူးလိုအပ်တယ် လို့လည်း တိုက်တွန်းထားပါတယ်။

နိုဝင်ဘာ၅ရက်နေ့က ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အမတ် ဦးဂျေရောယူကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိမရှိ စိစစ်ရေးဆောင်ရွက်နေတဲ့အခြေအနေတွေကို စစ်ဆေးရေး အဖွဲ့မှာ ပါဝင်တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (14)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

myanmar do not understand democracy.

Nov 13, 2012 01:11 PM

Shine

It means you understand???? How????
Explain about democracy please.

Nov 14, 2012 11:25 AM

အမည်မဖော်လိုသူ

Agreed to Myo Aung... thank you for making it bold about damnn "ko lu kaung". May he rest in peace.

Nov 13, 2012 10:52 AM

မျိုးအောင်

နေရပ်- စစ်ကိုင်းတိုင်း

ကမ္ဘာတလွှားမှာ ဘယ်သူဘယ်ဝါ အယူသည်းနေသလဲ ကိုလူကောင်း လေ့လာကြည့်ပြီးလား မျက်စိမှိတ်ထားတာဘယ်သူ နားပိတ်ထားတာဘယ်သူ ကိုယ့်ကိုကိုယ်လှည့် စားနေတာ ခင်ဗျားဘဲ ခင်ဗျားပေးတဲ့အမည်က ကိုလူကောင်းတဲ့ ခင်ဗျားဟာ အမည်နဲ့ မလိုက်ဖက်ဘူး လေ့လာပါငတုံးကြီးခင်ဗျား မျက်စိ နားအသိညာဏ်တွေ တိုးတတ်အောင်ကြိုးစားသင့်တယ်။

Nov 10, 2012 08:40 AM

ကိုလူကောင်း

နေရပ်- ရန်ကုန်

Si Raj ရေးသားချက်ကို သဘောကျပါတယ်။ အယူသည်းတဲ့သူတိုင်း ပျက်စီးရမှာပါ သူများဘာသာကို ဝေဖန်ပုတ်ခက်မဲ့အစား ကိုယ့်ဘာသာတရားက ဆုံးမထားတဲ့ သူတစ်ပါးအပေါ် မုဒိတာတရား ထားတတ်ဖို့လိုပါတယ်။ သမိုင်းကို မျက်စိမှိတ်ပြီး ရန်တွေ့နေလို့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ အမှန်ကို မြင်အောင်ကြည့်တတ်မှ လူကောင်းတစ်ယောက်ဖြစ်မှာပါ။ စကားကို ဆင်ဆင်ခြင်ခြင်ပြောသင့်ပါတယ်။

Nov 09, 2012 09:10 AM

တောသားလေး

ဥပဒေရှိပြီးသားပါ။အလိုအပ်ဆုးံအချက်က၊ဘာသာရေးသွန်သင်ချက်ကိုမလိုက်နာကြတာဖြစ်ပတယ်။ဘာသာရေးစစ်မှန်ဘို့ဘဲလိုနေတာပါ။

Nov 09, 2012 05:50 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.