အစိုးရအနေနဲ့ အခုလတ်တလော ဦးစားပေးကိစ္စဟာ အိုးအိမ်မဲ့ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေးတွေပဲဖြစ်ပါတယ်။ နောက်ထက် အကြမ်းဖက်တာတွေ ထပ်မံဖြစ်ပွားမလာအောင်လည်း အစိုးရက သတိကြီးကြီး နဲ့ ကိုင်တွယ်ဆောင်ရွက်နေပါတယ်။
ရခိုင် ပဋိပက္ခမှာ နောက်ကွယ်က လှုံ့ဆော်နေသူတွေ၊ ပြဿနာ ပိုမိုကြီးထွားအောင် လုပ်နေသူတွေရှိပါတယ်၊ မိမိတို့အနေနဲ့ ဘယ်လို လှုံ့ဆော်တာမျိုးကိုမှ အားပေးမှာ မဟုတ်တဲ့အပြင် ပြဿနာဖြေရှင်းရေးအတွက် ဘယ်လို အစွန်းရောက် အယူအဆမျိုးကိုမှ လက်ခံမှာမဟုတ်ပါဘူးလို့လည်း ဦးဝဏ္ဏမောင်လွင်က ပြောဆိုခဲ့ပါတယ်။
