သံတွဲမြို့နယ် အကြမ်းဖက်မှု (၁၃) ဦး ပြန်လွှတ်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် အောက်တို ဘာလဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက် မှု တွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားတဲ့ ဒေသခံ ၂၃ ဦးအထဲက ၁၃ ဦးကို သံတွဲခရိုင်တရားရုံးက မနေ့က လွှတ်ပေး လိုက်ပါ တယ်။

ပြစ်မှု မထင်ရှားတဲ့အတွက် လွှတ်လိုက်တာလို့ အဲဒီ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ်း က ပြော ပါတယ်။

"စုစုပေါင်း ၁၃ယောက်လွတ်ပါတယ်ရှင့် ကျန်တဲ့ ၁ဝ ယောက်ကအသီးသီး စွဲချက်တင်တာခံရပါ တယ်ရှင့် အဲ့ဒီထဲမှာ ဖိုးလပြည့်၊ ဘိုဘိုထွန်း ကတော့ ၃ဝ၂၊ ၄၃၆၊ ၃၄ တွေနဲ့ စွဲချက်တင် ခံရပါတယ်။ ကျန်တဲ့ တရားခံတွေကတော့ ၄၃၆ နဲ့စွဲချက်တင်ထားပါတယ်"

ကျန်တဲ့ ၁ဝ ဦးကို လာမယ့် ဇွန်လ ၂၃ ရက်နေ့မှာ ဆက်လက် စစ်ဆေးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလဆန်းပိုင်းက သံတွဲမြို့နယ်မှာ အကြမ်းဖက်မှုတွေ၊ မီးရှို့မှုတွေ ဖြစ် ပွားခဲ့တဲ့အတွက် လူ ၇ ဦး သေဆုံးပြီး အိမ်ထောင်စုပေါင်း ၁ဝဝ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

ဒီအမှုတွေနဲ့ပတ်သက်ပြီး ဒေသခံ ၂၃ ဦးကို လူသတ်မှု၊မီးရှို့မှု၊ အားပေးကူညီမှု စတဲ့ ပုဒ်မ တွေနဲ့ သံတွဲခရိုင် တရားရုံးမှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။