ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ရှေးဟောင်းပစ္စည်း အရောင်းဆိုင် ပိုင်ရှင် ဦးကြည်ဝင်းက ပြောပြပါတယ်။
ဖျက်ဆီးခံရတဲ့ ရှေးဟောင်းပစ္စည်းဆိုင် ပိုင်ရှင် ဒေါ်အေးအေးဝင်းက ပျက်စီး ပျောက်ဆုံးမှု တန်ဖိုး သိန်း ၅၀ လောက် ရှိတယ်လို့  ဆိုပါတယ်။
သမ္မတရုံး အရာရှိတဦးရဲ့ လူမှုရေးစာမျက်နှာမှာ ဖော်ပြချက်အရ ဒီကနေ့ မနက် ၂ နာရီ ၃၀ ခန့်က အမျိုးအမည် မသိ လူ ၈ ဦးရောက်လာပြီး အုတ်ခဲကျိုးတွေနဲ့ ပစ်ပေါက်ခဲ့ကြောင်း၊ ဒီလို ပစ်ပေါက်ခဲ့တဲ့ အတွက် ဆိုင်းဘုတ်နဲ့ မှန်တချို့ ပျက်စီးခဲ့ကြောင်း၊ ရှေးဟောင်းပစ္စည်း အရောင်းဆိုင် တစ်ဆိုင်လည်း ဖျက်ဆီးခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။
ပြည်သူများအကြား မလိုလားအပ်တဲ့ ဆူပူမှုတွေ ဖြစ်လာစေနိုင်တဲ့ အတွက် သက်ဆိုင်ရာက သတိထား ထိန်းသိမ်းဖို့ နှိုးဆော်ထားတယ်လို့လည်း အဲဒီအရာရှိရဲ့ ရေးသားချက်မှာ ဖော်ပြထားပါတယ်။