ဆီးဂိမ်းလက်ခံကျင်းပဖို့ ရာနှုန်းပြည့်အဆင်သင့်လို့ ဒုဝန်ကြီးပြော

0:00 / 0:00

မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှ အားကစားပွဲတော် ဆီးဂိမ်းကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ ရာနှုန်းပြည့် အဆင်သင့်ဖြစ်နေပြီလို့ အာကစားဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

နောက်ဆုံးအဆင့် အစမ်းကွင်းဖွင့်ပွဲကို မနေ့ကလုပ်ဆောင်ခဲ့ပြီး အခုအသင့်ဖြစ်နေပြီလို့ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။

အရှေ့တောင်အာရှ အားကစားပွဲတော် ဆီးဂိမ်းကို အာဆီယံနိုင်ငံတွေက အားကစားသမား ၆ ထောင်နဲ့ စာနယ်ဇင်းသမား ၃ ထောင် ကျော်ပါဝင်တက်ရောက်မယ်လို့ သိရပါတယ်။ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ လူသုံးသောင်းဆန့်တဲ့ နေပြည်တော်က ဝဏ္ဏသိဒ္ဒိ အားကစားကွင်းကြီးမှာ ကျင်းပမယ်လို့ သိရပါတယ်။

ဆီးဂိမ်းအားကစားပွဲတော်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။