ကရင်နီ စစ်ပြေးဒုက္ခသည် စခန်းမီးဘေးမှာ သေဆုံးသူ ၄၅ ဦးရှိ


2013.03.23
child-refugee-camp-305.jpeg ဒုက္ခသည်စခန်းက ကလေးငယ်နှစ်ဦးကို တွေ့ရစဉ်
Photo: RFA

ထိုင်း မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ မယ်ဆူရင်း စခန်းမနေ့က မီးလောင်ရာမှာ စခန်းတွင်း နေထိုင်ကြတဲ့ ဒုက္ခသည်သေဆုံးသူ ၄၅ ဦး၊ မီးလောင်ဒဏ်ရာရသူ ၁၀၀ နဲ့ အိမ်ခြေ ၄၀၀ လောက် မီးထဲပါသွားခဲ့တယ်လို့ ထိုင်းအစိုးရ ပြည်ထဲရေးဌာနက မတ်လ ၂၃ ရက် ဒီကနေ့ တရားဝင်ကြေငြာပါတယ်။

ဒါ့အပြင် စခန်းတွင်း ဒုက္ခသည်ဦးရေ ၂၃၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

သေဆုံးသူ အများစုဟာ အသက်အရွယ်ကြီးသူ ကလေးတွေနဲ့ အမျိုးသမီးတွေ များတယ်လို့ မဲဟောင်ဆောင်ခရိုင် အစိုးရ တာဝန်ရှိသူတွေက စခန်းမီးလောင်တာကို သွားရောက်စစ်ဆေးအပြီးမှာ ပြောခဲ့တာပါ။

အဲဒီ ကရင်နီဒုက္ခသည်စခန်းမှာ အိုးအိမ်အားလုံးနီးပါးလိုလိုဟာ ဝါးအပြင် သက်ကယ်မိုးအိမ်လေးတွေ ဖြစ်တဲ့အတွက် မီးလောင်ချိန်မှာ လေတိုက်တာကြောင့် မီးကိုမထိမ်းနိုင်ပဲ အလျင်အမြန် ကူးစက်ခဲ့တာလို့ ဆိုပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တာဝန်ရှိသူတွေက မီးဘေးဒုက္ခရောက်သူ စစ်ပြေးဒုက္ခသည်တွေအတွက် နေစရာနဲ့စားစရာ အချိန်မီထောက်ပံ့နိုင်အောင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။