အမေရိကန်နိုင်ငံမှာရှိတဲ့ ပြည်သူ့ဂုဏ်ရည်အဖွဲ့ရဲ့ဖိတ်ကြားချက်အရ နာရေးကူညီမှုအသင်း(ရန်ကုန်)က ဒုဥက္ကဌ ဆရာမဒေါ်သန်းမြင့်အောင်၊ ရာသက်ပန် အသင်းဝင်တွေဖြစ်တဲ့ မဇ္ဈိမ ဦးရဲလွင်နဲ့ တေးရေး၊ တေးဆို ကိုဆောင်းဦးလှိုင် တို့ဟာ အမေရိကန်နိုင်ငံက ပြည်နယ် ၉ ခုလောက်မှာ ရံပုံငွေ ရှာဖွေပွဲတွေ ကျင်းပခဲ့ပါတယ်။ သူတို့ရရှိတဲ့ အလှူငွေတွေကို ရခိုင်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေကို ကူညီသွားမယ်လို့ ဆိုပါတယ်။ ပြည်နယ်တစ်ခုကို သိန်း ၁၅ဝ စီ အသီးသီး လှူဒါန်းမယ်လို့ သိရပါတယ်။
ကချြင်ပည်နယ်က ဒုက္ခသည်တွေအတွက် ရရှိတဲ့ရန်ပုံငွေတွေကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က လက်ခံပေးပို့ပေးမှာဖြစ်ပြီး ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေအတွက်ကိုတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)က လက်ခံပေးပို့မှာဖြစ်တယ်လို့ သိရပါတယ်။
