စစ်ကိုင်းတိုင်း ၊ အထက်ပိုင်း ဟုမ္မလင်းမြို့နယ်မှာ တစညပါတီက ဒေသဆိုင်ရာ ခေါင်းဆောင် ၅ ဦး ကို ဖမ်းဆီးပြီး တရားစစ်ဆေးတာ မရှိပဲ ခန္တီးမြို့ အကျဉ်းထောင်မှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ် ။
ပြီးခဲ့တဲ့လ ၁၈ ရက်နေ့က ဟုမ္မလင်းမြို့နယ် တစညပါတီ ဥက္ကဋ္ဌ ဦးသက်ခိုင်နဲ့ ဦးကာသိန်း ၊ ဦးနီဖောင် ၊ ဦးစီပေါ့ ၊ ဦးယာပေါ့ တို့ကို ဟုမ္မလင်းမြို့ နောင်ပင်ရွာမှာ ဟုမ္မလင်းမြို့အခြေစိုက် ခလရ ၂၂၂ က ဗိုလ်ဇော်ဇော် ဦးဆောင်တဲ့ စစ်ကြောင်းကနေ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ် ။
သူတို့အားလုံဟာ နာဂတောင်တန်း စည်းရုံးရေး တာဝန်ယူထားရသူတွေဖြစ်ကြောင်း နဲ့ အဖမ်းခံရတဲ့ အကြောင်းရင်းကတော့ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်မရပဲနဲ့ ခန္တီးမြို့နယ် အတွင်းက နာဂ တိုင်းရင်းသားတွေကို စည်းရုံးနေတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။
ဆက်လက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက နာဂတောင်တန်းမှာ တစည အနေနဲ့ စည်းရုံးရေး လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ တားဆီးထားတယ်လို့ အိန္ဒိယ-မြန်မာ နယ်စပ်မှာ နေထိုင်ပြီး နာဂ လူ့အခွင့်အရေး လုပ်ဆောင်နေတဲ့ ကိုမိုးကြည်က RFA ကို ပြောပါတယ် ။
“တစညပါတီက ပါတီစည်းရုံးရေးမှူးတွေကို စည်းရုံးရေး မဆင်းဖို့ အခု တစည ဥက္ကဋ္ဌ ဦးသက်ခိုင် ကို ဖမ်းထားတယ် ။ အဲဒါကြောင့် စည်းရုံးရေး မဝင်ဖို့ မြို့နယ်တိုင်းကို တားထားတယ် ။ အဓိကကတော့ လေရှီး၊ လဟယ် ၊ နန်းယွန်း အကုန်လုံး အဲဒီမြို့နယ်တွေအထဲမှာ ခဏ စည်းရုံးရေး ရပ်ဆိုင်းပါဆိုတဲ့ ပုံစံမျိုး အကြောင်းကြားထားတာ။”
လာမဲ့ စစ်အစိုးရပြုလုပ်မဲ့ ရွေးကောက်ပွဲကို နာဂတောင်တန်းမှာ တစည ပါတီ နဲ့ ကြံ့ခိုင်ရေးပါတီ နှစ်ပါတီတည်းပဲ ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး လက်ရှိအနေအထားအရ တစည ပါတီ က အသာစီးရတဲ့ပုံ ရှိတယ်လို့ ကိုမိုးကြည်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း တစည ပါတီက နာဂတောင်တန်း နန်းယွန်းမြို့ မှာ အနိုင်ရရှိခဲ့ပါတယ် ။
အဲဒီ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာပဲ ဒေသခံ နာဂတောင်တန်း တိုးတက်ရေးပါတီက လေရှီး ၊ လဟယ် စတဲ့ မြို့ ၂ မြို့မှာ အနိုင်ရရှိခဲ့ပေမဲ့ အခုအခါမှာတော့ လာမဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိနိုင်တဲ့အတွက် ပါတီ မှတ်ပုံတင်တာ ပြန်မလုပ်ခဲ့ကြောင်း သိရပါတယ်။|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို
NLD ပါတီ ရာနှုန်းပြည့်နိုင်တဲ့ သတင်းထွက်
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကို မိတ္ထီလာမှာ တိုက်ခိုက်မှုရှိခဲ့
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား
မန္တလေးမြို့မှာ အဲန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ၁၅၈ ဦး ကူညီ
မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ
မြောင်းမြမြို့နယ်မှာ ကျေးရွာကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီ မဲကြိုကောက်
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း
မှတ်ချက်များ
Click here to add your own comment