နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးရေးနဲ့ မုံရွာခရိုင် လက်ပံတောင်းတောင်ဒေသမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကို ရုတ်သိမ်းပေးဖို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီအဖွဲ့ဝင် ကိုရာဇာက ဒီနေ့မြို့တော်ခန်းမရှေ့မှာ တစ်ကိုယ်တော်ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။
ဆန္ဒပြခဲ့တဲ့ကိုရာဇာဟာ နိုင်ငံရေးပြစ်မှု ပုဒ်မ ၅၀၅(ခ)နဲ့ မုံရွာအကျဉ်းထောင်မှာ ၂၀၀၇ ခုနှစ်ကစတင်ပြီး နှစ်နှစ်နီးပါးကြာ အကျဉ်းကျခံခဲ့ရသူဖြစ်ပါတယ်။
ဒီနေ့မှာ တစ်ကိုယ်တော်ဆန္ဒပြတဲ့အပြင် သူကအဲဒီတောင်းဆိုချက် ၅ ချက်ပါရှိတဲ့ လက်ကမ်းစာရွက်တွေကိုလည်း လမ်းသွားလမ်းလာတွေကို ဝေငှခဲ့ပါတယ်။
ကိုရာဇာကို ကျောက်တံတားရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ပြီး ကိုယ်တိုင်ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
