လက်ဝါးကပ်တိုင်ကိစ္စ ဖြေရှင်းပေးဖို့ သမ္မတထံ စာပို့

ချင်းပြည်နယ်မှာ ခရစ်ယာန် လက်ဝါးကပ်တိုင်တွေကို မီးရှို့ခုတ်လှဲ ဖျက်ဆီးခဲ့တာနဲ့ ပတ်သက်လို့ စုံစမ်း ဖြေရှင်းပေးဖို့ နိုဝင်ဘာ ၉ ရက်က ချင်းအမျိုးသား ပါတီ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေ စုပေါင်း လက်မှတ် ရေးထိုးပြီး သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံ တိုင်ကြားလိုက်ကြ ပါတယ်။

ကန်ပက်လက် မြို့နယ် မုန်းချောင်း တံတား တဝိုက်မှာ စိုက်ထူထားတဲ့ ခရစ်ယာန် လက်ဝါးကပ်တိုင် တွေကို မီးရှို့ ဖျက်ဆီး ခုတ်လှဲခဲ့တာကြောင့် ဒေသခံ ခရစ်ယာန် ဘာသာဝင်တွေ မကျေမနပ် ဖြစ်ခဲ့ကြတာကို ဒေသခံ အာဏာပိုင်တွေက စုံစမ်း ဖြေရှင်းပေးခြင်း မရှိတာကြောင့် အခုလို တိုင်ကြားလိုက်တာပါ။ ချင်းပြည်နယ်မှာ ခရစ်ယာန် ဘာသာဝင်တွေ ဘာသာရေးနဲ့ ပတ်သက်လို့ အချိုးအနှိမ် အခံရဆုံးလို့ ချင်းအမျိုးသား ပါတီ ဥက္ကဋ္ဌ ပူးဇိုဇန်က အာရ်အက်ဖ်အေကို ပြောပါတယ်။ ဒီအတောအတွင်း ခရစ်ယာန် လက်ဝါးကပ်တိုင် အဖြိုချခံရတဲ့ ကိစ္စ ဖြေရှင်းပေးဖို့ ကန်ပက်လက် ဒေသခံ ၁၀၀၀ လောက် လက်မှတ် ရေးထိုးထားတဲ့ စာကို နိုင်ငံတော် သမ္မတထံ လာမယ့် ရက်ပိုင်းအတွင်း ပေးပို့သွားမယ်လို့ ဆိုပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ချင်းအမျိုးသား ပါတီ ဥက္ကဌ ပူးဇိုဇန်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထား ပါတယ်။

0:00 / 0:00