လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းခြင်းဥပဒေကြမ်း ဆွေးနွေး ဖို့ သဘောတူ


2013.10.02
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။
RFA

လွှတ်တော်ကိုယ်စားလှယ်တာဝန် က ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့ ဒီကနေ့ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။

အဲ့ဒီ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဥပဒေကြမ်းကော်မတီ ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်က တင်ပြခဲ့တာပါ။

သက်ဆိုင်ရာ မဲဆန္ဒရှင်များ၏ တင်ပြတိုင်တန်းချက်များအပေါ် အလေးအနက်ထားဆောက်ရွက်လိုခြင်း လွှတ်တော်ကိုယ်စားလှယ်များ တာဝန်ထမ်းဆောင်မှုများသည် မိမိတို့မဲဆန္ဒရှင်များက ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြသလိုကြောင်း တင်ပြလာခြင်း၊ ပြည်သူလူထုထံမှ ယင်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး အကြံပြုတင်ပြစာများအပေါ် ပြည်သူ့လွှတ်တော်မှ အလေးအနက်ထား ထည့်သွင်းစဉ်းစားစေလိုခြင်းစသည့် အခြေအနေများကြောင့် ဒီဥပဒေကြမ်းအား ဆိုင်းငံံထားခြင်းမပြုတော့ပဲ ဥပဒေကြမ်းကော်မတီလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားလိုပါသဖြင့် ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ်အား ရယူလိုပါကြောင်း လေးစားစွာဖြင့် အစီရင်ခံတင်ပြအပ်ပါသည်”

အဲ့ဒီဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့ ကန့်ကွက်သူမရှိတဲ့အတွက်  အတည်ပြုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဆုံးဖြတ်ကြေညာခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဌာန်းနိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုလွှတ်တော်ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က တင်ပြခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။