လစ်ဗျားဆိုင်ရာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က မြန်မာ စစ်အစိုးရကို သတိပေးရာရောက်

လစ်ဗျားနိုင်ငံမှာ အာဏာရှင် သမတ ဗိုလ်မှူးကြီး ကဒါဖီရဲ့ ဖိနှိပ် သတ်ဖြတ်မှုအောက်က ပြည်သူတွေရဲ့ ဘဝကို ကယ်တင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သမိုင်းဝင် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ပြီး နိုင်ငံတကာက စစ်ရေးအရ အခုလို ဝင်ရောက် အရေးယူ ဆောင်ရွက်နိုင်မှုဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ မြန်မာနိုင်ငံ အပါအဝင် တခြား အာဏာရှင် နိုင်ငံတွေအတွက်လည်း ဆိတ်ကွယ်ရာ မရှိတော့ဘူးဆိုတာ သတိပေးလိုက်တာပဲလို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ပါတယ်။

0:00 / 0:00

လစ်ဗျားအာဏာရှင်ကို နိုင်ငံတကာက စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေဟာ မြန်မာနိုင်ငံသားတွေအတွက် အားတက်စရာ ဖြစ်လာကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာစစ်အစိုးရအပေါ် R2P (Responsibility to Protect) စနစ်နဲ့ အရေးယူ ဆောင်ရွက်နိုင်ဖို့ အတွက်လည်း လမ်းကြောင်း ပွင့်သွားပြီလို့ ပြည်ပအခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေသူတွေက ရှုမြင်ကြပါတယ်။

ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။

အသံဖိုင်ယူရန်