RFA TV အစီအစဉ်များ Apstar-7 ဂြိုဟ်တု အသစ်ကနေ ပြောင်းလဲ ထုတ်လွှင့်နေ

RFA TV အစီအစဉ်တွေကို ပရိသတ်တွေ ပိုပြီး ပြတ်ပြတ်သားသား ကြည်ကြည်လင်လင် ကြည့်ရှုနိုင်ကြဖို့ အတွက် Apstar 2R ဂြိုဟ်တုက ထုတ်လွှင့်ပေးနေရာကနေပြီး အခုအခါ နောက်ဆုံးထွက်ပေါ်လာတဲ့ Apstar-7 ဂြိုဟ်တု အသစ်ကနေ ပြောင်းလဲ ထုတ်လွှင့်နေပါပြီ။ ဇွန်လ ၂၁-ရက်နေ့ နောက်ပိုင်းမှာတော့ လက်ရှိသုံးနေတဲ့ Apstar 2R ဂြိုဟ်တုကနေ ကြည့်လို့ ရတော့မှာ မဟုတ်ကြောင်း အသိပေးအပ်ပါတယ်။

အဲဒီ Apstar-7 ဂြိုဟ်တု အသစ်နဲ့ ပတ်သက်လို့ သိသင့်တာတွေကတော့-
တည်နေရာ – 76.5 East
Download Frequency – 3769
Symbol rate – 13,333 mbps
FEC – 5/6
Transponder – 6A

New Skies ဂြိုဟ်တုကနေ ဖမ်းယူကြည့်ရှုသူတွေအတွက်တော့ အပြောင်းအလဲ ရှိမှာ မဟုတ်ဘဲ အရင်အတိုင်း ဆက်လက်ရှုစားနိုင်မှာ ဖြစ်ပါတယ်။

RFA TV အစီအစဉ်တွေကို ညစဉ် မြန်မာစံတော်ချိန် ၈ နာရီက ၈နာရီခွဲ အထိ ထုတ်လွှင့်ပေးနေပြီး၊ ည ၁၀ နာရီက ၁၀ နာရီခွဲအထိ ပြန်လည် ထုတ်လွှင့်ပေးပါတယ်။