ဒေါ်အောင်ဆန်းစုကြည်နှင့် RFA သီးသန့်ဆက်သွယ်မေးမြန်းချက်

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေ၊ အနာဂတ်အရေးစတာတွေနဲ့ ပတ်သက်ပြီး RFA အရှေ့တောင် အာရှ ဌာန အကြီးအကဲ Susan Lavary က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက သီးသန့် ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

0:00 / 0:00

ဒီလို မေးမြန်းရာမှာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုကိစ္စ၊ လက်ရှိ စစ်အစိုးရ နိုင်ငံရေး လမ်းပြမြေပုံအပေါ် သဘောထား စတာတွေကိုလည်း ဖြေကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ ဒီမိုကရေစီ လမ်းပြမြေပုံနဲ့ ပတ်သက်ပြီး သဘောမကျတဲ့ အချက်တွေ အများကြီးရှိကြောင်း၊ အဲဒီအချက်တွေကို မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် စိတ်ကောင်း စေတနာကောင်းနဲ့ တကယ်ပကတိ လိုလားသူအားလုံး တွေ့ဆုံပြီး ကျေကျေလည်လည် ညှိနှိုင်း အဖြေရှာသင့်ကြောင်း ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့တာတွေကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုး က ပြန်လည် တင်ပြထားရာမှာ အပိုင်း ၁ ကို နားဆင်နိုင်ပါတယ်။

အသံဖိုင်ယူရန်