မဲမသမာမှုများကို ရန်ကုန်တိုင်း မဲဆန္ဒရှင်များ မကျေနပ်

စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ပြီးသွားပေမဲ့ တပြည်လုံး အတိုင်းအတာနဲ့ အနိုင်အရှုံးစာရင်းကို တိတိကျကျ မကြေညာနိုင်သေးတာ တွေ့ရပါတယ်။ ဒါဟာ မဲမသမာမှုတွေကြောင့်လို့လည်း စုံစမ်းသိရှိရပါတယ်။

0:00 / 0:00

အဲဒီဖြစ်ရပ်တွေက ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာ မဲပေးခွင့်မရတဲ့သူတွေ ရှိခဲ့သလို အများစုက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ကို ရှောင်ပြီး မဲပေးခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီကပဲ နိုင်သွားခဲ့လို့ မဲဆန္ဒရှင်တွေ မကျေမလည် ဖြစ်နေသလို ဘယ်ကို တိုင်တန်းရမှန်းလည်း မသိဘူး ဖြစ်နေတယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်း သုံးခွမြို့နယ်မှာလည်း အလားတ ူကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် အနိုင်ရဖို့ မဲသမာမှုတွေ တွေ့ရတယ်လို့ မဲရုံတွေ လေ့လာ စောင့်ကြည့်ခဲ့သူက ပြောပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။

အသံဖိုင်ယူရန်