ဧရာဝတီတိုင်း လယ်ယာမြေပြဿနာအရေး တိုင်းအစိုးရနဲ့ ဆွေးနွေး


2014.09.03
farmers-305.jpg လယ်ယာလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေသော လယ်သူမလေးများကို တွေ့ရစဉ်
Photo: AFP

ဧရာဝတီတိုင်းဒေသကြီးအတွင်းက သိမ်းဆည်းခံထား ရတဲ့ လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်ပြီး တိုင်းဒေသ ကြီး အစိုးရအဖဲ့ွနဲ့ ဧရာဝတီတိုင်းအတွင်းက လယ်သမား ကိုယ်စားလှယ်တွေ၊ လယ်သမား အရေးဆောင်ရွက် သူတွေဟာ ဒီနေ့ ပုသိမ်မြို့နယ် မြို့တော်ခန်းမ မှာ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ညောင်တုန်းမြို့နယ်က လယ်သမားအရေးဆောင်ရွက်သူ ဦးမောင်မောင်တာ က အခုလိုပြောပါတယ်။

"လယ်ယာမြေ ပြဿနာတွေကို ဥပဒေတွေ ကိုကျော်လွန်ပြီး သိမ်းဆည်းထားတာတွေ ရှိမယ်၊ ပြန်ပေး တဲ့အခါမှာ လယ်ယာမြေကော် မတီရဲ့ အဂတိလိုက်စား မှုတွေ၊ မြင်သာထင်သာ ရှိအောင် ဆွေးနွေးပြီးတော့မှ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲ၊ အရေးယူမယ့် အပိုင်းတွေပါမယ်၊ လယ်ယာမြေနဲ့ ပတ်သက်လာလို့ အခြေခံကျတဲ့ မြို့နယ်၊ ခရိုင်၊ ရပ်ကျေးလယ်စီတွေရဲ့ အမှားတွေပေါ့၊ အဲဒီဟာတွေက တော်တော်များများဖြစ်နေတဲ့ အတွက် ဒါလေးတွေကိုတည့်မတ်ဖို့ အဓိကထားပြီးတော့ ဆွေးနွေးတယ်"

ဒီကနေ့ ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးစန်းမောင်၊ ဒေသခံလယ်သမားတွေ၊ လယ်သမားအရေးဆောင်ရွက်သူတွေနဲ့ ဥပဒေပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက တစ်သိန်းကျော်ရှိပြီး  မအူပင်၊ ပုသိမ်၊ ငွေဆောင်နဲ့ ဟင်္သာတခရိုင်တွေက လယ်ယာမြေအများဆုံး သိမ်းဆည်းခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းက လယ်ယာမြေပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် လယ်သမားအရေး ဆောင်ရွက်သူတွေနဲ့ ဥပဒေပညာရှင်တွေပါဝင်တဲ့ အဖဲ့ွအစည်းတစ်ခု ဖဲ့ွစည်းသွားဖို့ လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။