ကလေးထောင်မှာ အကျဉ်းကျခံနေရတဲ့ HRDP ခေါ် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူနဲ့ မြှင့်တင်သူများ ကွန်ရက် အဖွဲ့ဝင် ကိုမြင့်နိုင် ခေါ် ကိုမြင့်လှိုင်ဟာ ကျန်းမာရေးအခြေအနေ မကောင်းဘူးလို့ သိရှိရပါတယ်။
လူ့အခွင့်အရေး ဟောပြောမှုများ လှည့်လည် ပြုလုပ်စဉ် ဟင်္သာတ မြို့နယ်၊ အုတ်ပုံကျေးရွာ ဘုန်းကြီးကျောင်းအနီးမှာ ၂၀၀၈ ဧပြီလ ၁၈ရက်နေ့က လူအုပ်ဖြင့် ဝိုင်းဝန်းရိုက်နှက်ခြင်း ခံခဲ့ရသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်အဖွဲ့ (HRDP) အဖွဲ့ဝင် ကိုမောင်မောင်လေးနှင့် ကိုမြင့်လှိုင်တို့ကို ဒဏ်ရာများဖြင့် တွေ့ရသော မှတ်တမ်းဓာတ်ပုံ။ (Photo: RFA)
သူ့ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ လုပ်ဖော်ကိုင်ဖက် HRDP တဦးလည်းဖြစ် မိသားစု မိတ်ဆွေလည်း ဖြစ်တဲ့ ဦးကျော်လွင်က ခုလိုပြောပြပါတယ်။
“အဲ ကျန်းမာရေး အခြေအနေကတော့ ဒီ့ပြင်ဟာတွေကတော့ ပုံမှန်ပဲ။ သိပ်တော့ မသိသာသေးဘူးပေါ့။ အခု ဆိုးဆိုးဝါးဝါး ခံစားနေရတာတော့ ဒီ အာရုံကြော ကျီးပေါင်းဆိုပြီးတော့ ဟင်္သာတမှာကတည်းကမှ သတ်မှတ်လိုက်တဲ့ ရောဂါက ပြန်ထလာပြီးတော့ အဲဒီ အာရုံကြော ကျီးပေါင်းရောဂါ ထလာပြီ ဆိုလို့ရှိရင် အဲဒီ ဟိုဖက်ဒီဖက် လှည့်လိုက်လို့ရှိရင် မူးတယ်၊ ငုံ့ရင် မူးတယ်၊ မော့ကြည့်ရင် မူးတယ်ပေါ့၊ ဒီဇက်ကို ငြိမ်ငြိမ်လေး နေရတယ်ပေါ့။ အမြဲတမ်း အဲဒီ မူးတဲ့ ရောဂါကို ခံစားပြီးတော့ နေရတယ်။”
ကိုမြင့်နိုင်ဟာ ဒီလည်ပင်း ကျီးပေါင်းတက်ရောဂါကို လွန်ခဲ့တဲ့ ၃ နှစ်ကျော် ဟင်္သတ မြို့ နယ် အုတ်ပုံကျေးရွာက အထွက် အရိုက်ခံရပြီး နောက်ပိုင်း ရရှိခဲ့တာ ဖြစ်ပါတယ်၊ အဲဒီတုန်းက သူ့ကို အခြား HRDP အဖွဲ့ဝင်များနဲ့အတူ လူ့ အခွင့်အရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်စဉ် ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင် အများစု ပါဝင်တဲ့ အင်အား တရာကျော်ရှိ လူအုပ်က ဝိုင်းရိုက်ခဲ့ တာပါ။ ဒီနောက်မှာ သူ့ကို ဟင်္သာတ တရားရုံးက ၅၀၅ (က) နှစ်မှု၊ ၅၀၅ (ခ) နှစ်မှု တို့နဲ့ စုစုပေါင်း ထောင်ရှစ်နှစ် ချမှတ်ခဲ့ပါတယ်။ ကိုမြင့်နိုင် လောလောဆယ် ထောင်ဆရာဝန်နဲ့ ကုသရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဦးကျော်လွင်ကပဲ ခုလို ပြောပြပါတယ်၊
“ဇက်တည့်တည့်တပ်ဖို့ ဟို ဇက်ပတ်တို့ ဘာတို့လည်း မပေးသလို ဆေးပေးပေမယ်လို့ ဒီဆေးကို မှန်မှန်မပေးဘူးပေါ့။ မှန်မှန်မပေးတဲ့အခါရယ် နောက်ပြီးတော့ ဆေးကိုလည်းပဲ နေ့ချင်း ပုံမှန်ပေးရမဲ့အစား ဟို ရက်ကျော်မှ ပေးတာတွေ၊ အဲလိုမျိုးတွေ ပေးနေတဲ့ အခါကျတော့ ဒီ ဇက် အာရုံကြော ကျီးပေါင်းရောဂါက ပိုပိုပြီးတော့ ဆိုးလာတယ်။”
ကိုမြင့်နိုင်က ဒီရောဂါကို အထူးကု ဆရာဝန်နဲ့ ဖြစ်စေ ပြင်ပ ဆေးခန်းမှာ ထွက်ပြီး ဖြစ်စေ ကုသလိုကြောင်း ပြောကြားပေမဲ့လည်း ခုထိ ဘာမှ စီစဉ်ဆောင်ရွက်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ကိုမြင့်နိုင်ဟာ မူလက ဟင်္သင်္ာတ ထောင်မှာ ကျခံနေရပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ကလေးထောင်ကို ပြောင်းရွှေ့ခြင်းခံခဲ့ ရပါတယ်။ကိုမြင့်နိုင်ရဲ့ အမှုကို OMTC ခေါ် ကမ္ဘာ့ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးအဖွဲ့ကြီးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူများ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့တို့က ၂၀၀၇ နှစ်လည် အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲ နိုင်ကျဉ်းအဖွဲ့ပြုလုပ်
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်အဖွဲ့ရဲ့ လှုပ်ရှားဆောင်ရွက်နေမှု
ဦးခွန်ထွန်းဦးတို့ ကျန်းမာရေး စိုးရိမ်ရ
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မိသားစုတွေမျှော်လင့်
AI စွဲချက်ကို အစိုးရ လူ့အခွင့်အရေး ကော်မရှင် ငြင်း
ထောင်တွင်းအခြေအနေ အမျိုးသား လူ့အခွင့်အရေးကော်မရှင် လေ့လာ
ကိုဇာဂနာနဲ့အဖွဲ့ တောင်ငူထောင်က နိုင်ငံရေးအကျဉ်းသားတွေကို လှူဒါန်း
ထောင်တွင်း ကျန်းမာရေး နိုင်ငံရေးအကျဉ်းသား မိသားစုဝင် ဝေဖန်
ထောင်ပြောင်းခံရသူ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေး
ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဆိုးလာတယ်လို့ အေအေပီပီ ပြော
မှတ်ချက်များ
Click here to add your own comment