မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ စစ်ရေး မတည်ငြိမ်လို့ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လူသား ပင်ပေါင် ဘောလုံးသဖွယ် ထိုင်းဘက်ကနေ အချိန်မတန်ခင် အကြိမ်ကြိမ် ပြန်ပို့နေတာကို ရပ်တန့်ဖို့ အမေရိကန် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) နှင့် မြန်မာ စစ်အစိုးရတပ်များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခြင်းကြောင့် မြန်မာဖက်ကမ်း မြဝတီမြို့မှ ထိုင်းဖက်ကမ်း မဲဆောက်မြို့သို့ အစုလိုက် အပြုံလိုက် ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်များကို နိုဝင်ဘာ ၉ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
နိုဝင်ဘာလအတွင်း နယ်စပ် တိုက်ခိုက်မှုတွေ ဖြစ်လာကတည်းက မြန်မာဘက်က ဒုက္ခသည် ၂ သောင်းကျော် ထိုင်းဘက်ကို ထွက်ပြေးလာကြောင်း၊ သူတို့ကို ရက်အနည်းငယ်အတွင်း ပြန်ပို့ခဲ့ကြောင်း၊ ဒါ့ပြင်လည်း နောက်ထပ် ထွက်ပြေးလာမယ့် အလားလာတွေလည်း ရှိနေကြောင်း HRW အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာဘက်မှာ အမှန်တကယ် မတည်ငြိမ်သေးသရွေ့ ဒုက္ခသည်တွေကို ပြန်မပို့သင့်ကြောင်း၊ နယ်စပ်နဲ့ အဝေးမှာ ဆက်လက်နေထိုင်ခွင့် ပေးသင့်ကြောင်းလည်း HRW ရဲ့ အာရှရေးရာ ဒုညွန်ကြားရေးမှူး Elaine Pearson က ပြောပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ကချင်ဒုက္ခသည်တွေအတွက် အကူအညီများ ထပ်ပေး
ထိုင်းနိုင်ငံရေနံကုမ္ပဏီ က မြန်မာလုပ်သားတွေ ဆန္ဒပြ
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နှစ်သစ်ကူး ဆင်နွဲ
ကချင် အနုပညာရှင်တွေရဲ့ဖျော်ဖြေပွဲ ပိတ်ပင်ခံရ
ကချင်ဒေသဒုက္ခသည်တွေဆီ ကုလအကူညီပေးရေးအဖွဲ့ ရောက်ရှိ
ဒေါ်အောင်ဆန်းစုကြည်က ကချင် စစ်ဘေးဒုက္ခသည်တွေကို ထပ်လှူ
အနာဂတ်မှာ မြန်မာအလုပ်သမား ရှားပါးလာမှာ ထိုင်းလုပ်ငန်းရှင်များ ပူပင်
ထိုင်းနဲ့မြန်မာ အတွေ့အကြုံ ဖလှယ်ကြ
တရုတ်နိုင်ငံ ထဲရောက် ကချင် စစ်ပြေးဒုက္ခသည်တွေ ထောက်ပံ့မှု မလုံလောက်
မှတ်ချက်များ
Click here to add your own comment